နောက်ထပ် OS တစ်ခု ဈေးကွက်က ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်က စပြီး Samsung ရဲ့ Tizen App Store ကို သုံးလို့ ရတော့မှာ မဟုတ်တော့ပါဘူး။ 


ပြီးခဲ့တဲ့ ဇွန်လကတည်းက Samsung ဟာ Tizen App Store စာရင်းသွင်းမှတ်ပုံတင်မှုကို ပိတ်ထားခဲ့တာပါ။ ၂၀၂၀ နှစ်လယ်ကတည်းက Tizen App Store ပေါ်က Apps တွေကို အရင် ရှိပြီးသား သုံးစွဲသူတွေပဲ ဝင်ပြီး ဒေါင်းလုပ်ဆွဲနိုင်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ GSMArena သတင်းက ဖော်ပြပါတယ်။ ၂၀၂၁ ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ပိုင်းမှာ Tizen App ကို အပြီးတိုင် ပိတ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။ 



Photo: CNET


Samsung ရဲ့ ကိုယ်ပိုင် Operating System တစ်ခုဖြစ်တဲ့ Tizen ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့မှာ စတင် ဖြန့်ချိခဲ့တာပါ။ Linux အခြေခံ မိုဘိုင်း OS တစ်ခုဖြစ်တဲ့ Tizen ကို Samsung ထုတ် စမတ်ဖုန်း ၊ တက်ဘလက် ၊ စမတ် TV နဲ့ စမတ်နာရီတွေမှာ သုံးခဲ့ပေမယ့် အောင်မြင်ခြင်း မရှိခဲ့ပါဘူး။ Tizen OS သုံး နောက်ဆုံးထွက် Samsung ဖုန်းဟာ Samsung Z4 ဖုန်းဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တာပါ။ 

Galaxy Watch စီးရီးမှာလည်း Tizen OS သုံးခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် Galaxy Watch 4 က စလို့ Google ရဲ့ WearOS ကို ပြောင်းလဲ အသုံးပြုလာတာကြောင့် နောက်ပိုင်းထွက် Samsung စမတ်နာရီတွေမှာလည်း Tizen ကို မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တစ်ခေတ်တစ်ခါက ကမ္ဘာကျော်ခဲ့တဲ့ BlackBerrry ဟာ ဇန်နဝါရီ ၄ ရက်နေ့ကစပြီး BlacBerryOS သုံး ထုတ်ကုန်များအတွက် တရားဝင် Support ပေးမှု ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ 

လက်ရှိ မိုဘိုင်း Operating System လောကမှာ Apple ရဲ့ iOS နဲ့ Google Android OS တို့ပဲ ကြီးစိုးထားပြီး အမေရိကန်ရဲ့ ကုန်သွယ်ရေးပိတ်ဆို့ခံထားရတဲ့ Huawei ကလည်း ကိုယ်ပိုင် HarmonyOS နဲ့ ဈေးကွက်ထိုး‌ဖောက်ဖို့ ပြင်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က