ပခုက္ကူကွန်ပျူတာတက္ကသိုလ်မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ UCSPkku IT-Camp ကို သြဂုတ်လ ၂၃ ရက်နေ့က ကျင်းပပြီးစီးခဲ့ပါတယ်။
ဒီပွဲမှာ IT Camp နဲ့အတူ ကျောင်းသား ကျောင်းသူများ ပြုလုပ်ထားတဲ့ Project show ပါ ပြသသွားခဲ့တာပါ။ နည်းပညာဆွေးနွေးမှုများအနေနဲ့Ubuntu ၊ Object Oriented Programming (OOP) ၊ Raspberry Pie ၊ IoT နည်းပညာ ၊ ကွန်ပျူတာသိပ္ပံပညာရပ်အကြောင်း နဲ့လုံခြုံရေးစနစ်များအကြောင်းကို ပညာရှင်အသီးသီးက တက်ရောက်ဟောပြောခဲ့ပါတယ်။
" ကျွန်တော်တို့မှန်းထားတာက ၂၀၀၀ လောက် တက်ရောက်မယ်လို့မှန်းထားခဲ့ပေမယ့် တကယ်တမ်းပွဲမှာ ၁၀၀၀ လောက်ပဲ ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် လာတဲ့ လူ ၁၀၀၀ လုံးကလည်း ဒီပွဲပေါ် စိတ်ဝင်စားမှု ရှိလို့ကျေနပ်ပါတယ်" လို့UCSPkku IT Camp ပွဲဦးဆောင် ကျင်းပသူ ကိုစိုင်းဝေယံဖြိုးက ဆိုပါတယ်။
ကျောင်းသားများရဲ့ ပရောဂျက်များ ထည့်သွင်းပြသခဲ့ခြင်းကြောင့် တက်ရောက်သူများရော ဆွေးနွေးတဲ့ speaker တွေကပါ ကျောင်းသားတွေရဲ့ project show ကို စိတ်ဝင်တစား ရှိခဲ့တယ်လို့ဆိုပါတယ်။
ပထမဆုံးအကြိမ် ကျင်းပတဲ့ ဒီပွဲကနေ ကျောင်းသားများရဲ့ ပရောဂျက်များနဲ့လုပ်ငန်းရှင်များအကြား အဆက်အသွယ်တစ်ခု ဖြစ်စေဖို့ IT Camp အဖြစ် ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။