ဂျူဗင်တပ်စ်နဲ့ပွဲမှာ ဖန်တီးပေးခဲ့တာပါ။

ဒီနေ့မနက်အစောပိုင်းမှာ ကစားသွားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ခြေစမ်းပွဲမှာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီကရူးစ်ရဲ့ ဂိုးဖန်တီးမှုက ပရိသတ်တွေအတွက် ပြောစမှတ်တွင်စရာဖြစ်ခဲ့ပါတယ်။ ဒီပွဲရဲ့ ပထမပိုင်း မိနစ် (၂၀) မှာတင် ဂျူဗင်တပ်စ်က နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာပါ။



ပထမပိုင်း ပွဲကစားချိန် (၁) မိနစ်မှာ ဂျူဗင်တပ်စ်အတွက် အဖွင့်ဂိုးကို မွိုက်ဆီကင်းန်က သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲကစားချိန် မိနစ် (၂၀) မှာ တီမိုသီဝိုင်ယာက ဂျူဗင်တပ်စ်အတွက် ဒုတိယဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပြီး ရီးရဲလ်မက်ဒရစ်တို့ စောစောစီးစီး အရေးနိမ့်နေခဲ့ပါတယ်။


ဒါပေမယ့် ပွဲကစားချိန် (၃၈) မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ ချေပဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ အသင်းရဲ့ တိုက်စစ်ကြယ်ပွင့်လေး ဗီနီရှပ်စ်ဂျူနီယာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီဂိုးမှာ အဓိကချီးကျူးရမှာကတော့ ကွင်းလယ်လူ တိုနီကရူးစ်ရဲ့ ပေးပို့မှုပဲဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ် ကွင်းတစ်ဝက်ခြမ်းမှာ ရရှိလာတဲ့ ဘောလုံးကို တိုနီကရူးစ်က ဗီနီရှပ်စ်ရဲ့ ပြေးလမ်းကြောင်းထဲ ကွက်တိချပေးခဲ့တာပါ။ ဗီနီရှပ်စ်ကလည်း ရလာတဲ့ အခွင့်အရေးကို လက်လွှတ်မခံဘဲ ဘောလုံးကို တောက်လျှောက် ဆွဲပြေးပြီး အသင်းအတွက် ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဒီဂိုးမှာ ဗီနီရှပ်စ်ရဲ့ လုပ်ရည်ကိုင်ရည်ရှိမှု၊ အဆုံးသတ်သေချာမှုတွေကိုလည်း ချီးကျူးရမှာပါ။ ဒါပေမယ့် ကရူးစ်ရဲ့ ပေးပို့မှုကတော့ တကယ့်ကို ကောင်းမွန်လှပြီး ဗီနီရှပ်စ်ကိုယ်တိုင်ကပါ ဂိုးသွင်းအပြီးမှာ တိုနီကရူးစ်ကိုပါ ရည်ရွယ် အောင်ပွဲခံသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က