အဲဗာတန်ကို ခြောက်ဂိုးပြတ်သွင်းခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ အဲဗာတန်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ချဲလ်ဆီးက အိမ်ကွင်းမှာ ဂိုးမိုးရွာပြီး ဂိုးဒါဇင်ဝက်အထိ သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအတွက် အထူးခြေစွမ်းပြခဲ့တာကတော့ ကိုးလ်ပါးလ်မားဖြစ်ပြီး တစ်ယောက်တည်း လေးဂိုးအထိ သွင်းယူခဲ့တာပါ။



ပထမပိုင်းပွဲကစားချိန် မိနစ် (၃၀) မပြည့်ခင်မှာတင် ကိုးလ်ပါးလ်းမားက အသင်းအတွက် ဟက်ထရစ်သွင်းယူပေးထားပြီး ပွဲကိုပါ အပြတ်ဖြတ်ထားခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲကစားချိန် (၄၄) မိနစ်မှာတင် နီကိုးလပ်စ်ဂျက်ဆင်က ချဲလ်ဆီးအတွက် လေးဂိုးမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်း (၆၄) မိနစ်မှာတော့ ပင်နယ်တီထပ်ရခဲ့ပြီး ဒီပင်နယ်တီကို ကိုးလ်ပါးလ်မားကပဲ အမှားအယွင်းမရှိ အဆုံးသတ် ကန်သွင်းပေးခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ပွဲသိမ်းဂိုးကိုတော့ လူစားဝင်ကစားသမားလေး ဂေလ်ခရစ္စက နောက်ဆုံးမိနစ်မှာ သွင်းယူပေးခဲ့ပြီး ချဲလ်ဆီးတို့ ခြောက်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ချဲလ်ဆီးအတွက်တော့ ပြိုင်ပွဲစုံ နောက်ဆုံး (၈) ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တာဖြစ်ပြီး ပိုချက်တီနိုအတွက်လည်း ဖိအားအတော်အသင့် လျော့နည်းသွားခဲ့ရပါတယ်။ ဒီပွဲရလဒ်ကြောင့်လည်း ချဲလ်ဆီးတို့ အမှတ်ပေးဇယား အဆင့် (၉) နေရာကို ရောက်ရှိလာခဲ့ပါပြီ။

အဆင့် (၇) နေရာက ယူနိုက်တက်နဲ့ တစ်ပွဲလျော့ ရမှတ် (၃) မှတ်အကွာကို ရောက်ရှိလာခဲ့တာကြောင့်လည်း မဟာပြိုင်ဘက်ကို ကျော်တက်ဖို့ အခွင့်အရေးတွေရှိလာခဲ့ပါတယ်။ ချဲလ်ဆီးဟာ လာမယ့်အပတ်မှာတော့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဖြစ် မန်စီးတီးနဲ့ ရင်ဆိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က