အရမ်းကြီးတဲ့ဆိုင်လို့ ထင်ရပေမဲ့ စျေးသက်သာပြီး အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေကို ရွေးချယ်စားသုံးလို့ရပါတယ်။

ဒီတပတ်မှာတော့ အစားအသောက်ကောင်းကောင်း တွေ ကို စျေးသက်သက်သာသာနဲ့ စားလို့ရမယ့် ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက် ပေးချင်ပါတယ်။ သပ်ရပ်ခမ်းနားတဲ့ စားသောက်ဆိုင်ဖြစ်ပြီး မိသားစု (ဒါမှမဟုတ်) သူငယ်ချင်းတွေကို အထိမ်းအမှတ်နေ့တစ်ခုခုမှာ ကျွေးမွေးမယ်ဆိုရင် သင့်တော်တဲ့ ဆိုင်ဖြစ်ပါတယ်။



ASAHIရဲ့ နာမည်ကြီး စျေးသင့်တင့်တဲ့ အကင်များ 

ASAHI စားသောက်ဆိုင်က ထူးခြားချက်က စျေးကြီးတဲ့ဟင်းလျာတွေရှိသလို စျေးသင့်တဲ့ အစားအသောက်တွေကိုလည်း ရွေးချယ်လို့ ရတာပါပဲ။

ASAHI ဆိုင်တိုင်းမှာ အဓိက စားသုံးသူတွေ နှစ်ခြိုက် အားပေးကြတာက အကင်မျိုးစုံပါပဲ။ အကင်အများဆုံးက တော့ လတ်ဆတ်တဲ့ Seafood တွေ နဲ့ ဝက်သားအခေါက်၊အစုံအလင် ရှိပြီး စျေးနှုန်းတွေမှာဆိုရင်လည်း တစ်ချောင်းကို ၅၀၀ ကျပ် က စပြီးရှိတာကြောင့် စျေးနှုန်း သင့်တင့်တယ်လို့လည်း ဆိုရမှာပါ။ 

"အကင်တစ်ချောင်းကတော့ ၅ဝဝက နေ စရှိတယ်။ ဟင်းပွဲ အ နေနဲ့ က တော့ ၂၅၀၀ က နေ စပြီး အများဆုံး တစ်သိန်းနှစ်သောင်း လောက်အထိ ရှိပါတယ်။ တစ်သိန်း နှစ်သောင်းကတော့ Seafood အစုံပေါ့နော်။ မိမိသားစု တွေ အများကြီးစုစားလို့ရတယ်။ ၇ ယောက်အထက် စားလို့ရတယ်။ အစ်မကိုယ်တိုင်လည်း အမြဲတမ်းစားသုံးသူတစ်ယောက် အနေနဲ့ နေတဲ့အ တွက် ငါသာဆိုရင် ဒီဟင်းပွဲတွေကို စားးနိုင်ပါ့မလားဆိုတဲ့ စိတ်နဲ့ ပါ။ Seafood တွေ ရောင်းတဲ့အတွက်ကြောင့် အမြဲတမ်း လတ်ဆတ်နေအောင် အမြဲထားပါတယ်" လို့ ASAHIရဲ့ ဆိုင်ပိုင်ရှင် မတင်သီတာနွယ်က ရှင်းပြပါတယ်။

ASAHIမှာ ဟင်းပွဲပေါင်း ၂၀၀ ကျော်ရှိပြီး တစ်လကို တစ်ခါ ဟင်းပွဲ (၂၀) ခန့် Menu အသစ် ထုတ်လေ့ ရှိတယ်လို့လည်း သိရပါတယ်။

ဆိုင်တိုင်းမရနိုင်တဲ့ ဂုံးပေါက်ဆိန်ကို အဆာဟိမှာ စားသုံးနိုင် 

ဆိုင်တိုင်းမှာ မရရှိနိုင်တဲ့ ဂုံးပေါက်ဆိန်ကိုမှ စီချွမ်ဂုံးပေါက်ဆိန်ကိုလည်း အဆာဟိဆိုင်မှာရရှိနိုင်ပါတယ်။ ကင်းမွန်ကြိုက်နှစ်သက် သူတွေ အတွက်လည်း ကင်းမွန် အစာသွပ် အကြီးကြီးတွေကို စျေးနှုန်းသင့်တင့်စွာနဲ့ စားသုံးနိုင်တာကလည်း အဆာဟိရဲ့ အားသာချက် တစ်ခုလို့ဆိုရမှာပါ။ အရသာတွေကလည်း အဆာဟိ ဆိုင်ခွဲ (၄)ဆိုင် စလုံး အရသာ တူညီ ၊ ကောင်းမွန် တာကြောင့် စားသုံးသူတွေ အ ကြိုက်လို့လည်း ဆိုရမှာပါ။

မိသားစုနဲ့ ထိုင်ဖို့ အဆင်ပြေတဲ့ဆိုင်

ယမကာကြိုက်နှစ်သက်သူတွေ အတွက် တင်သာမက မိသားစု တွေပါ အေးဆေး ထိုင်လို့ ရပြီး မိသားစု Gathering လုပ်မလား၊ က လေးတွေအတွက် ပါ ပြေးလွှားဆော့ကစားလို့ ရ အောင် ကျယ်ကျယ်ဝန်းဝန်း တည်ဆောက်ထားတ ကြောင့် လွတ်လပ်တဲ့ ဆိုင်လေးတစ်ဆိုင်လို့လည်း ဆိုရမှာပါ။ ဆိုင်ကြီးလို့ ခမ်းနားပြီးရှိန် စရာ ဆိုပေမယ့်လည်း စျေးနှုန်း တွေက သင့်တင့်တာကြောင့် ဆိုင်ကောင်းကောင်းမှာလည်းထိုင်ချင် ဘတ်ဂျက်လည်း ချွေတာချင်တယ်ဆိုရင် ဒီဆိုင်လေးက အဆင်ပြေပါတယ်။

" အစ်မတို့ဆိုင်တွေ အ နေနဲ့ ၅ သောင်းဖိုး အထက် စားသုံးသူတွေကို ဗလာမပါ ကံစမ်းမဲတွေ စီစဉ် ပေးသလို အခါအခွင့်သင့်တိုင်း စိတ်ပါရင် ပါသလို ပေးတဲ့ လက်ဆောင် တွေလည်းရှိပါတယ်။VIP ဆိုရင် တော့ 10% လျှော့ပေးပါတယ်။ ဆိုင်တစ်ဆိုင် မှာ အဓိက လိုအပ်တာ Service ၊ အရသာ ၊ ကွာလတီ ထိန်းထားရမှာပေါ့။ နေရာကိုလည်းအဓိက စဉ်းစားရမယ်။ ဘယ်လောက်ပဲ နာမည်ကြီးကြီး၊ ကားရပ်ဖို့ အဆင်မပြေရင်လည်း မ ကောင်းဘူး။ အစ်မဆိုင်က အဲ့ဒါ တွေအကုန်လုံးကို ထိန်းထားပါတယ်" လို့ ASAHI ရဲ့ ဆိုင်ပိုင်ရှင် မတင်သီတာနွယ်က ပြောပြခဲ့ပါတယ်။ 

ဆိုင်နေရာများ


 ASAHI ဆိုင်တွေက ASAHI (1) ASAHI(3) ASAHI (5) ASAHI (7) ဆိုပြီး ဆိုင်(၄) ဆိုင်ရှိပြီး လိပ်စာတွေက -

Asahi (1) - ဗိုလ်မှူဗထူးလမ်း၊ ၄၆လမ်းဆုံ၊ မြောက်ဒဂုံ

Asahi (3) - ပင်လုံလမ်း၊ မြောက်ဒဂုံ

 Asahi (5) - နံပါတ်(၅၀)၊ ငါးမာန်အောင်ဘုရားလမ်း၊ (၃၃)ရပ်ကွက်၊ မြောက်ဒဂုံ

Asahi(7) - ၂ရရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်၊ မြောက်ဒဂုံ တို့ပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က