တပတ်လုပ်ခ ပေါင်ငါးသိန်းအထိပေးဖို့ စီစဉ်နေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်လူပေါ့ဂ်ဘာကို တပတ်လုပ်ခပေါင်ငါးသိန်းအထိပေးချေမယ့် စာချုပ်သစ်ကမ်းလှမ်းမှုကို ပြုလုပ်သွားဖို့ စီစဉ်နေကြောင်းသိရပါတယ်။ လက်ရှိမှာ ဒဏ်ရာကုသမှုပြုလုပ်နေပြီ အသင်းအတွက် ကစားပေးနိုင်ခြင်းမရှိသေးတဲ့ ပြင်သစ်ကွင်းလယ်လူဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၆ လအတွင်းကို ရောက်ရှိနေတာလည်းဖြစ်ပါတယ်။

အင်္ဂလန်သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ယူနိုက်တက်က သူတို့ကစားသမားကို လက်လွှတ်မခံချင်ဘဲ လစာငွေတိုးမြှင့်ပေးကာ စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်လာတာလို့ သိရပါတယ်။ ဒါပေမယ့်လ်း ပေါ့ဂ်ဘာရဲ့အေးဂျင့်ရွိုင်အိုလာကတော့ သူ့ကစားသမားအတွက် ကလပ်အသင်းဘက်က လက်ရှိမှာ ဘယ်လိုကမ်းလှမ်းမှုမျိုးမှ မရှိသေးဘူးလို့ ထုတ်ဖော်ပြောဆိုထားကြောင်း Daily Mail က ဆိုပါတယ်။ 

"မီဒီယာတွေရေးနေတာကို ရှင်းရှင်းပြောမယ်ဆိုရင် ပေါ့ဂ်ဘာအတွက် ပြီးခဲ့တဲ့ကာလတွေမှာ စာချုပ်သစ်ကမ်းလှမ်းမျိုးမရှိပါဘူး၊ သူက ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာဖို့ကိုပဲ အာရုံစိုက်နေပြီး အသင်းကို အမြန်ဆုံးကူညီပေးဖို့ ရည်ရွယ်နေပါတယ်" လို့ ရွိုင်အိုလာက ပြောဆိုခဲ့ပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ လက်ရှိမှာ နှစ်သက်ရာအသင်းတွေနဲ့ ဆွေးနွေးနိုင်မှာဖြစ်ပြီး အကြိုသဘောတူညီချက် ရယူထားနိုင်မယ့် အခွင့်အရေးလည်းရှိနေပါတယ်။ 

အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူဟာ ၂၀၁၆ က ယူနိုက်တက်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ၂၁၂ ပွဲ ကစားပေးထားကာ ၃၈ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ သူ့ကို ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့က စိတ်ဝင်စားနေပြီး လက်ရှိကပ်ရောဂါကာလအခြေအနေကြောင့် ပြင်သစ်ကလပ်တသင်းတည်းသာ ငွေပုံအောသုံးစွဲနိုင်မယ့် အနေအထားမှာ ရှိနေပါတယ်။ 


Share

Loading Next Article...
က္က