တစ်နိုင်ငံလုံးက တက္ကသိုလ်ကျောင်းသားတွေ ပါဝင်နိုင်ပါတယ်။

တက္ကသိုလ်ကျောင်းသားတွေ ပါဝင်နိုင်တဲ့ လူငယ်တွေအတွက် ရည်ရွယ်ပြီး ခေါင်းဆောင်မှုဆိုင်ရာ ပညာရပ်၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ပညာရပ်တွေကို မျှဝေနိုင်မယ့် YES (Youth Empowerment for Sustainability) Camp ကို တစ်နိုင်ငံလုံး အနှံ့ကျင်းပသွားမယ်လို့ သိရပါတယ်။

Photo-YES (ပြင်ဦးလွင်မြို့မှာ ပြုလုပ်ခဲ့စဉ် )



လူငယ်တွေအနေနဲ့ ကိုယ့်အားကိုယ်ကိုးနိုင်ပြီး လူငယ်တစ်ယောက်ရဲ့ အင်အားကို အပြည့်အ၀ အသုံးချတတ်စေဖို့၊ မိမိရွေးချယ်လျှောက်လှမ်းမယ့် ပညာရေးလမ်းကြောင်းနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ်တွေအတွက် အထောက်အကူရရှိစေဖို့ သဘာဝပတ်ဝန်းကျင်နှင့် မိမိနေထိုင်ရာနိုင်ငံ ၊ မိမိနေထိုင်ရာ ကမ္ဘာမြေကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်တတ်စေဖို့ အတွက် ပြုလုပ်သွားမယ်လို့ YES Camp တာဝန်ရှိသူ ကိုမျိုးမင်းသူက Duwun ကိုပြောပါတယ်။

“လူငယ်တွေအနေနဲ့ ကျောင်းစာဗဟုသုတအပြင် ကျောင်းပြင်ပဗဟုသုတနဲ့ soft skill တွေရရှိဖို့ရာ ဒီလို Camp တွေကအကောင်းဆုံးလေ့ကျင့်ကွင်းတွေပဲဖြစ်သလို အမှန်တကယ် လူငယ်တွေလိုအပ်နေတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ဒီလို camp တွေကို ပြုလုပ်ရတာဖြစ်ပါတယ်။” လို့ ကိုမျိုးမင်းသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်ကနေ ၂၄ ရက်အထိတော့ အဆိုပါ YES (Youth Empowerment for Sustainability)  Camp ကို ပြင်ဦးလွင်မြို့မှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။


Photo-YES (ပြင်ဦးလွင်မြို့မှာ ပြုလုပ်ခဲ့စဉ် )

မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ် ၁၈ ခုမှ  အသက် ၁၈ နှစ်က ၂၄ နှစ်အတွင်း လူငယ် ၄၀၅ ဦးလျှောက်ထားခဲ့ရာမှာ ၂၅ ဦးကို ရွေးချယ်ခေါ်ယူခဲ့တယ်လို့ ကျင်းပရေးကော်မတီတာဝန်ရှိသူ ကိုမျိုးမင်းသူက ဆက်ပြောပါတယ်။

YES Camp ကို The Age of Sustainable Development Goals ၊ Transform With Me ၊ Travel With Me ၊ Galaxy Green စတဲ့ လူငယ်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တစ်နှစ်ကို တစ်ကြိမ် ကျင်းပသွားဖို့လည်း ရှိတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က