နှစ်စဉ် ကျင်းပသွားမယ်လို့ဆိုပါတယ်။

     နည်းပညာနဲ့ကွန်ပျူတာတက္ကသိုလ်များမှ အသင်းများ ပါဝင်တဲ့ ပထမဆုံးအကြိမ် APTYPS Robotic Competition Myanmar 2018 ပွဲမှ ဆုရရှိတဲ့ အသင်းများကို ဒီဇင်ဘာ ၂၂ ရက်နေ့က ကြေငြာသွားပါတယ်။



Photo: MCPA 

        ပို့ဆောင်ရေးနင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၊ Asia Pacific Telecommunity (APT) ရဲ့ ပံ့ပိုးမှုနဲ့မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ ဦးဆောင်ကျင်းပခဲ့တဲ့ APT Young Professional and Student Programme (APTYPS) Robotic Competition Myanmar 2018 ပွဲမှာ Fire Fighting ၊ Search and Rescue ခေါင်းစဉ်နှစ်မျိုးနဲ့ကျင်းပခဲ့တာပါ။

         ခေါင်းစဉ်တစ်ခုရဲ့ အောက်မှာ အသင်း ၁၀ သင်းစီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး စုစုပေါင်း ဆု ၄ မျိုး ပေးခဲ့တာပါ။ Fire Fighting အတွက် ပထမဆုကို Yangon Technology University (YTU) မှ Team Spades ၊ ဒီဇိုင်းအယူအဆနဲ့ဆန်းသစ်မှု အရှိဆုံးဆုကို Computer University (Magway) မှ CU MGW အသင်းတို့ရရှိသွားပြီး Search and Rescue အတွက် ပထမဆုကို University of Information Technology (UIT) မှ GG အသင်းနဲ့ဒီဇိုင်းအယူအဆနဲ့ဆန်းသစ်မှု အရှိဆုံးဆုကို University of Computer Studies , Thaton တို့မှ 1:1 အသင်းတို့မှ ရရှိသွားခဲ့ပါတယ်။

         ယခုပြိုင်ပွဲနဲ့ပတ်သက်ပြီး ကွန်ပျူတာအသင်းချုပ်ဥက္ကဌ ဦးသောင်းဆုငြိမ်းမှ "ကျွန်တော်တို့ဒီပြိုင်ပွဲကို ဆောင်ရွက်ခဲ့တဲ့ အခါမှာ နည်းပညာတက္ကသိုလ်တွေ ၊ ကွန်ပျူတာတက္ကသိုလ်တွေနဲ့တစ်ခြားတက္ကသိုလ်တွေက စိတ်ဝင်စားတဲ့ ကျောင်းသား ၊ ကျောင်းသူတွေကို မီဒီယာတွေကနေ တစ်ဆင့် ဖိတ်ခေါ်ခဲ့ပါတယ်။ ဖိတ်ခေါ်တဲ့ အခါမှာတော့ အချိန်က တစ်လ နှစ်လလောက်ပဲ အချိန်ယူခဲ့တာ ဖြစ်လို့သိပ်အများကြီးတော့ မဖိတ်ခေါ်နိုင်ခဲ့ဘူး။ စိတ်ဝင်စားတဲ့ အဖွဲ့တွေအတွက်လည်း ပြင်ဆင်ချိန် သိပ်မရခဲ့ပါဘူး။ " လို့ပြောပါတယ်။

         ပထမဆုံးအကြိမ် ကျင်းပတဲ့ APTYPS Robotic Competition Myanmar 2018 ပွဲအတွက် ပြိုင်ပွဲဝင်အသင်းတစ်သင်းမှာ နည်းပြတစ်ဦးအပါအဝင် ၄ ဦး ပါဝင်ခဲ့ပြီး ပထမဆုအတွက် ဒေါ်လာ ၂၀၀ ၊ ဒီဇိုင်းဆုအတွက် ဒေါ်လာ ၁၀၀ စီပေးခဲ့တာပါ။ ယခုပွဲမှာ ပြိုင်ပွဲဝင်အသင်းများအတွက် မော်တာ ၄ လုံးနဲ့controller ၁ ခု စီ ထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။

Photo: Saw Min Tun

        ဒီပြိုင်ပွဲမှာ ဆန်းသစ်မှုအရှိဆုံး ဒီဇိုင်းဆုရ အသင်းတစ်သင်းဖြစ်တဲ့ CU (Magway) မှ coach တစ်ဦးဖြစ်တဲ့ ကိုစောမင်းထွန်းကတော့ ground ကွင်းဖွဲ့စည်းမှုဟာ စက်ရုပ်တွေရဲ့ လှုပ်ရှားမှုအတွက် အခက်တွေ့စေခဲ့တယ်လို့ပြောပါတယ်။ MCPA အနေနဲ့ယခုလို ပွဲမျိုးကို နှစ်စဉ်ကျင်းပသွားမယ်လို့လည်း ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က