စာမေးပွဲ ဆိုင်ရာ အချက်အလက်တွေကိုလည်း မေးမြန်းစုံစမ်းနိုင်ပါတယ်။

တက္ကသိုလ်ဝင်တန်းဖြေဆိုကြမယ့် ကျောင်းသားကျောင်းသူတွေအတွက် ပထမဆုံး အကြိမ် ကျင်းပတဲ့ “ အားကျလေ့လာ အတုယူပါ” ပညာရေးဟောပြောပွဲကို သြဂုတ်လ ၄ ရက်နေ့က ရန်ကုန်မြို့ Strand ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။



38681703_2161302443944742_6656471633965875200_n.jpg

ဒီပွဲကိုတော့ အထက်တန်းနဲ့ ဘာသာစကားဆိုင်ရာ ပညာရေးနဲ့ သင်ကြားရေးဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးနေတဲ့ MMtutors က စီစဉ်ကျင်းပတာဖြစ်ပါတယ်။ ဝါရင့်ဆရာဆရာမကြီးတွေက အခုနှစ်မှာ ပြောင်းလဲဖြေဆိုရမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းပုံစံတွေ၊ လေ့လာသင့်တဲ့နည်းလမ်းတွေနဲ့ ၂၀၁၇၊၂၀၁၈ ခုနှစ်က တစ်နိုင်ငံလုံးဆုရှင်တွေရဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာလေ့လာကျက်မှတ်နည်းတွေကို တတ်ရောက်လာတဲ့ ကျောင်းသားတွေနဲ့ မိဘတွေကို မျှဝေခဲ့ပါတယ်။

“ကျောင်းသားကျောင်းသူတွေကို ဘယ်လိုနည်းမျိုးနဲ့ ဖြေရင် အမှတ်အများဆုံးဖြစ်မလဲ။ နောက်ပြီးတော့ Stress များတဲ့ စာမေးပွဲကာလမှာ အချိန်ကိုစီမံပြီးတော့ စာမေးပွဲအတွက် ဘယ်လိုပြင်ဆင်သင့်လဲဆိုတာတွေကို ပြန်ပြီးတော့ ဝေမျှချင်တာပါ။ “ လို့ MMtutors မှ Chief Operating Officer ကိုဖြိုးဝေယံက ပြောပါတယ်။

ပညာရေးဟောပြောပွဲကြီးကို ရန်ကုန်မြို့အပြင် အခြားမြို့တွေက ဆရာဆရာမတွေ၊ ကျောင်းသားတွေနဲ့ မိဘတွေ အများအပြား တတ်ရောက်ခဲ့ပါတယ်။ “ ဒီမှာ ဆရာကြီးတွေရဲ့ အကြံပြုချက်အရ ဘယ်လိုသင်ခန်းစာတွေက အောင်မှတ်ရနိုင်တယ်။ ဂုဏ်ထူးရနိုင်တယ် စသဖြင့် သိရှိသွားတော့ ကလေးတွေကို သင်ကြားတဲ့အခါမှာအများကြီး အကျိုးရှိပါတယ်။ “ လို့ ငြိမ်းပညာနန်းတော် ကိုယ်ပိုင်သင်တန်းကျောင်းမှ ဆရာမ ဒေါ်ငြိမ်းငြိမ်းဆင့်က ပြောပါတယ်။

 

“ဘာသာရပ်တစ်ခုချင်းစီကို ဘယ်လိုလေ့လာရမလဲဆိုတာတွေကို သိခွင့်ရတယ်။ Top Ten ရခဲ့တဲ့အကိုအမတွေရဲ့ အတွေ့အကြုံတွေလည်း ကြားရတော့ အများကြီး အားတတ်ပါတယ်။” လို့ တောင်ဒဂုံမြို့နယ်မှ ဆယ်တန်းကျောင်းသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီပွဲမှာ MMtutors ရဲ့ ဝန်ဆောင်မှုတွေအကြောင်း ၊ တက္ကသိုလ်ဝင်တန်းမေးခွန်းဟောင်းတွေကို အင်တာနက်ကနေ ဖြေဆိုနိုင်မယ့် MMtutors ရဲ့ Exam Database အကြောင်းနဲ့ သိလိုရာမေးခွန်းတွေကို အွန်လိုင်းကနေ အဖြေရှာနိုင်မယ့် MMtutors ရဲ့ Facebook Chat Box အကြောင်းတို့ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။

MMtutors ဟာ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော သင်ကြားလေ့လာရေး ပလက်ဖောင်းတစ်ခုဖြစ်ပြီး ကျောင်းသားတေအတွက် သင်ကြားနည်းလမ်းသစ်တွေကို ပံ့ပိုးပေးနေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က