တက္ကသိုလ်ကျောင်းသား ၃ ယောက်ပါဝင်တာမှန်ကန်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး ကအတည်ပြုပြောပါတယ်။

အအေးဆိုင်ထိုင်နေကြတဲ့ တက္ကသိုလ်ကျောင်းသား ၃ ယောက်(အပါ)ဆယ်ကျော်သက်လူငယ် ၄ ယောက်ကို ရဲကမသင်္ကာလို့ ဝင်ရောက် စစ်ဆေးရာကနေ ဆေးခြောက်တွေဖမ်းဆီးရမိလို့ မူးယစ်ဆေးဝါးဥပဒေနဲ့ဖမ်းဆီးအမှုဖွင့်လိုက်တဲ့ဖြစ်စဉ်တစ်ခု မနေ့က မန္တလေးမှာ ဖြစ်ပွားခဲ့ပါတယ်။


မန္တလေး အောင်မြေသာစံမြို့နယ် ကျုံးအရှေ့တစ်ဖက်ခြမ်း ၆၆ လမ်း၊ ၁၈ လမ်းနဲ့ ၁၉ လမ်းကြားက အအေးဆိုင်တစ်ဆိုင်မှာထိုင်နေကြ တဲ့ ဆယ်ကျော်သက်လူငယ် ၄ ယောက်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးလုပ်ငန်းဆောင်ရွက်နေတဲ့ မူးယစ်တပ်ဖွဲ့စု(၁၇) မန္တလေးမြောက်ပိုင်းမှတပ်ဖွဲ့ဝင်တွေက အသိသက်သေတွေနဲ့အတူစစ်ဆေးခဲ့တာကနေ တန်ဖိုး ၁၅ သိန်းကျပ်ခန့်ရှိတဲ့ ဆေးခြောက် ၃ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်မှာ တက္ကသိုလ်ကျောင်းသား ၃ ယောက်ပါဝင်တာမှန်ကန်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး ကအတည်ပြုပြောပါတယ်။


ဖြစ်စဉ်နဲ့ပတ်သက်လို့တော့ မြောက်ပိုင်းမူးယစ်တပ်ဖွဲ့မှရဲအုပ်တစ်ဦးကတရားလိုပြုလုပ်ပြီး အောင်မြေသာစံမြို့နယ် အမှတ်(၁) နယ်မြေရဲစခန်းမှာတိုင်တန်းတာကြောင့် ဝေယံမိုးထက်(ခ)ဝေယံ(၁၉ နှစ်၊ ရတနာပုံတက္ကသိုလ် ဓာတုဗေဒပထမနှစ်၊ အောင်မြေသာစံမြို့နယ်)၊ ထွန်းထွန်း နိုင်(၂၁ နှစ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ပြင်သစ်ဘာသာစတုတ္ထနှစ်၊ ချမ်းမြသာစည်မြို့နယ်)၊ မျိုးသက်ထွန်း(ခ)မျိုးကြီး(၁၉ နှစ်၊ မန္တလာဒီဂရီကောလိပ် ပထဝီဝင်ဒုတိယနှစ်၊ မဟာအောင်မြေမြို့နယ်)နဲ့ ပိုင်ငြိမ်းသန့်(ခ)ဖက်တီး(၂၁ နှစ်၊ ကျဘမ်းလုပ်သား၊ ပုသိမ်ကြီးမြို့နယ်)တို့ကို မယ(ပ)၈/၂၀၂၀ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ တို့နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။

Share

Loading Next Article...
က္က