အောင်စာရင်းလည်း ၂လခန့်နောက်ကျဖွယ်ရှိနေပါတယ်။

စာစစ်ဌာနတွေမှာ Social Distancing ထားရှိ‌ဆောင်ရွက်သွားမှာ ဖြစ်ပြီး လူလျော့စစ်ဆေးဖို့ မရှိဘူးလို့ သိရပါ တယ်။

(ဓာတ်ပုံ - ၂၀၁၉-၂၀ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေချိန်မြင်ကွင်း)

ကိုဗစ်ကာလမှာ ရပ်နားထားတဲ့ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေကို လာမယ့် ဇွန်လ ၅ရက်နေ့မှာ စတင်စစ်ဆေးသွားမယ်လို့သိရပါတယ်။



အဆင့်မြင့်ပညာဦးစီးဌာနအနေနဲ့ စာမေးပွဲအဖြေလွှာတွေကိုစစ်ဆေးပေးနိုင်ဖို့ သက်ဆိုင်ရာ စာစစ်ဆရာ၊ဆရာမ တွေကိုလည်း ဇွန်လ ၃ရက်နေ့အရောက်သတင်းပို့စေမယ်လို့လည်းသိရပါတယ်။

ကိုဗစ်ကြောင့် စာစစ်ဌာနတွေမှာ Social Distancing ထားရှိဆောင်ရွက်သွားမှာ ဖြစ်ပေမယ့်လည်း လူဦးရေ လျော့ချ စစ်ဆေးသွားဖို့ မရှိဘူးလို့လည်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက Duwun ကိုပြောပါတယ်။ “ကျွန်တော်တို့ ကိုဗစ်ကာလဖြစ်တဲ့အတွက် ဆရာ၊ဆရာမတွေရဲ့ သွားရေးလာရေးနဲ့အခြားလိုအပ်ချက်တွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဆောင်ရွက်ပေးသွားမှာပါ။ နောက်ပြီး စာစစ်ဌာနတွေမှာလည်း Social Distancingထားရှိသွား မှာပါ။လူလျော့စစ်ဆေးဖို့တော့မရှိပါဘူး။”လို့ ဒေါက်တာသိန်းဝင်းက ပြောပါတယ်။

(ဓာတ်ပုံ - ၂၀၁၉-၂၀ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေချိန်မြင်ကွင်း)

ပုံမှန်ဆိုရင် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေကို ဧပြီလအတွင်း စတင်စစ်ဆေးပေမယ့် ဒီနှစ်မှာတော့ ကိုဗစ် ကပ်ရောဂါကြောင့် ၂လနောက်ကျပြီးမှ စစ်ဆေးနိုင်တာလည်း ဖြစ်ပါတယ်။ စာစစ်မှုကို ၂လနောက်ကျခဲ့တဲ့အတွက် ပုံမှန် ဇွန်လဆန်းပိုင်းလောက်မှာ ထုတ်ပြန်ပေးနိုင်လေ့ရှိတဲ့ အောင်စာရင်း ကိုလည်း ၂လခန့် နောက်ကျပြီးမှ ထုတ်ပြန်နိုင်ဖွယ်ရှိနေပါတယ်။

ကျောင်းတွေကိုလည်း လက်ရှိမှာ ပိတ်ထားရပြီး ပုံမှန် ဇွန်လ မှာပြန်ဖွင့်ရမယ့် အခြေခံပညာကျောင်းတွေကို လာမယ့် ဇူလိုင်လ မှသာ ပြန်ဖွင့်နိုင်ဖို့ လုပ်ဆောင်ပြီး မူလတန်း၊အလယ်တန်း၊အထက်တန်း အားလုံးတပြိုင်နက် တည်းဖွင့်နိုင်ဖို့လည်း မသေချာသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က