အရင်နှစ်ကထက် အောင်မြင်သူတိုးလာခဲ့ပါတယ်။

အခုနှစ်မှာအကျဉ်းထောင်စခန်းတွေကနေ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ အကျဉ်းသား ၁၀၈ ဦးအထိ ရှိပြီး ဂုဏ်ထူးနဲ့ အောင်မြင်သူ ၇၈ ဦးပါဝင်တယ်လို့ အကျဉ်းဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

၂၀၁၉-၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ အကျဉ်းထောင်စခန်း ၁၁ ခုမှ အကျဉ်းသား ၁၆၂ဦး၊ အကျဉ်းသူ ၁၃ ဦး၊ အချုပ်သား ၂ ဦးနဲ့ အချုပ်သူ ၁ ဦး စုစုပေါင်း ၁၇၈ ဦးဝင်ရောက်ဖြေဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ-ဧပြီလ ၁၇ ရက်က အင်းစိန်အကျဉ်းထောင်စခန်းကို မြင်ရစဉ်။

ဒီကနေ့ သြဂုတ်လ ၉ ရက်နေ့မှာ အောင်စာရင်းထုတ်ပြန်ခဲ့ရာ လေးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၁၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်၂၈ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၃၈ ဦး၊ ရိုးရိုးအောင်မြင်သူ ၃၈ ဦးရှိခဲ့ပြီး စုစုပေါင်း ၁၀၈ ဦး အောင်မြင်ခဲ့တယ်လို့သိရပါတယ်။ အောင်မြင်သူ ၁၀၈ ဦးထဲမှာ အမျိုးသား ၁၀၀ ဦးနဲ့ အမျိုးသမီး ၈ ဦးဖြစ်ပြီးအောင်ချက်ရာခိုင်နှုန်းအနေနဲ့ ၆၀.၆၇ ရာခိုင်နှုန်းရရှိခဲ့တယ်လို့ လည်း ဆိုပါတယ်။

စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့တဲ့ အကျဉ်းထောင်တွေကတော့ အင်းစိန်ထောင်၊မန္တလေးထောင်၊တောင်ငူထောင်၊ ကသာထောင်၊လွိုင်ကော်ထောင်၊ညောင်ရွှေထောင်၊ ကျိုင်းတုံထောင်၊ကျောက်ဖြူတောင်၊ ဘားအံထောင်၊သရက်ထောင်နဲ့ မအူပင်ထောင်တို့ ဖြစ်ပါတယ်။

အဆိုပါ ထောင် (၁၁)ခုထဲက အင်းစိန်ထောင်၊ မန္တလေးထောင်၊တောင်ငူထောင်နဲ့ ကသာထောင် စတဲ့ ထောင်စခန်း (၄) ခုက ဝင်ရောက်ဖြေဆိုခဲ့တဲ့ အကျဉ်းသားတွေသာအောင်မြင်ခဲ့ကြတာဖြစ်ပါတယ်။

အင်းစိန်ထောင်ကနေ ဝင်ရောက်ဖြေဆိုသူ ၈၅ ဦးရှိခဲ့ရာ ၅၈ ဦးအောင်မြင်ခဲ့ပြီး လေးဘာသာဂုဏ်ထူးရှင် ၁ ဦး၊သုံးဘာသာဂုဏ်ထူးရှင် ၃ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၆ ဦးနဲ့ တစ်ဘာသာ ဂုဏ်ထူးရှင် ၂၄ ဦးရှိခဲ့ပြီး အောင်ချက် ၆၈ ရာခိုင်နှုန်းကျော်ရှိခဲ့ပါတယ်။ 

မန္တလေးထောင်ကနေ ဝင်ရောက်ဖြေဆိုသူ၆၉ ဦးထဲမှာတော့ ၄၈ ဦးအောင်မြင်ခဲ့ပြီးသုံးဘာသာဂုဏ်ထူးရှင် (၈) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂၂) ဥိးနဲ့ တစ်ဘာသာဂုဏ်ထူးရှင် (၁၄) ဦးရှိခဲ့ပြီး အောင်ချက် ၆၉ ရာခိုင်နှုန်းကျော်ရှိခဲ့တာပါ။

တောင်ငူထောင်ကနေ ဝင်ရောက်ဖြေဆိုသူ ၂ ဦး အနက် ၁ ဦး အောင်မြင်ခဲ့ပြီး ကသာထောင်ကနေ ဝင်ရောက်ဖြေဆိုသူ ၁ ဦးရှိခဲ့ပြီး အောင်မြင်ခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က အကျဉ်းထောင်စခန်းအသီးသီးက အကျဉ်းသား ၁၇၁ ဦး ဖြေဆိုခဲ့တဲ့နက် ၉၄ ဦးအောင်မြင်ခဲ့ပြီး ၅၄ရာခိုင်နှုန်းကျော် ရှိခဲ့ပါတယ်။ အခု ပညာသင်နှစ်မှာတော့ အောင်ချက်ရာခိုင်နှုန်း ၆၀ ကျော်ရှိခဲ့တာကြောင့် အရင်နှစ်တွေကထက် အောင်ချက်ပိုမိုမြင့်မားခဲ့တယ်လို့ အကျဉ်းဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Share

Loading Next Article...
က္က