JPay System ကို ဝင်ချိုးဖောက်သွားတာပါ။

အိုင်ဒင်ဟို စာရိတ္တပြုပြင်ရေးစခန်းမှ အကျဉ်းသားပေါင်း ၃၀၀ ကျော်ဟာ တက်ဘလက်များသုံးပြီး သူတို့ရဲ့ အကောင့်များထဲ ဒေါ်လာသိန်းနဲ့ချီပြီး ငွေလွဲှပေးပို့မှု လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။



Jpay_edit_RTX6BVNT.jpg

photo: Wired

 

Spokesman-Review သတင်းအရ အိုင်ဒင်ဟိုစခန်း ပြုပြင်ရေးဌာန ၅ နေရာမှ အကျဉ်းသားပေါင်း ၃၆၄ ဦိးဟာ စာဖတ်ဖို့ပေးထားတဲ့ တက်ဘလက်များ သုံးပြီး အကောင့်အမျိုးမျိုးကနေ ငွေလွဲှပြောင်းမှု လုပ်ဆောင်ခဲ့ကြတာပါ။ အကျဉ်းစခန်းအာဏာပိုင်များဟာ အကျဉ်းသားများ သီချင်းနားထောင်ဖို့၊ eBook ဖတ်ဖို့၊ ဂိမ်းဆော့ခြင်းနဲ့အီးမေလ်သုံးဖို့အတွက် JPay ကုမ္ပဏီထုတ် တက်ဘလက်များ ပေးထားခဲ့တာ ဖြစ်ပါတယ်။

အကျဉ်းသားများဟာ ဒီတက်ဘလက်တွေမှာ ပါတဲ့ loophole တစ်ခုကနေ ဝင်ပြီး အကောင့်တွေထဲ ဒေါ်လာ ၂၂၅၀၀၀ အထိ လွဲှခဲ့ကြတယ်လို့ဆိုပါတယ်။ အာဏာပိုင်များဟာ ဇူလိုင်လဆန်းပိုင်း ရောက်တဲ့အထိ ဒီ လုံခြုံရေးယိုပေါက်ကို မတွေ့ခဲ့ကြဘူးလို့ဆိုပါတယ်။ ခိုးထုတ်သွားတဲ့ ငွေတွေမှာ တစ်ခုမှ အခွန်ဆောင်မထားဘူးလို့လည်း အိုင်ဒင်ဟို ပြုပြင်ရေးစခန်းမှ ပြောခွင့်ရပုဂ္ဂိုလ် ဂျက်ဖ်ရေးက ပြောပါတယ်။

"ဒီလုပ်ရပ်ဟာ မတော်တဆမှု မဟုတ်ပါဘူး။ တမင်ရည်ရွယ်ပြီး ကြံစည်ထားတဲ့ အမှုပါ။ အခုလိုမျိုး ငွေထုတ်ဖို့အတွက်ဆို JPay System အကြောင်းသိပြီး ဒီစနစ်ရဲ့ အားနည်းချက်ကို အသုံးချသွားဖို့လိုပါတယ်။ " လို့သူက ဆိုပါတယ်။။

JPay ဟာ အကျဉ်းစခန်းတွေအတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ တက်ဘလက်တွေ ရောင်းချနေတဲ့ တစ်ခုတည်းသော ကုမ္ပဏီ ဖြစ်ပြီး အီးမေးတစ်စောင်ကို ဝ.၄၇ ဒေါ်လာ ၊ သီချင်းတစ်ပုဒ် ဒေါင်းလုပ်ဆွဲဖို့အတွက် ၃.၅၀ ဒေါ်လာ သတ်မှတ်ပြီး အကျဉ်းသားတွေဆီက ငွေကောက်ခံနေတာပါ။

photo: Slash Gear

 

အကျဉ်းသားတွေအတွက် တက်ဘလက်မှတစ်ဆင့် အင်တာနက် ဝန်ဆောင်မှုအတွက် အခုလို ဈေးကြီးကြီး တောင်းတဲ့ အချက်ကပဲ JPay System ကို ဟက်ခ်ပြီး ချိုးဖောက်သွားတာ ဖြစ်မယ်လို့သတင်းတွေထွက်နေပါတယ်။ လက်ရှိမှာတော့ ခိုးထုတ်ပြီးသား ငွေပမာဏများထဲမှ ဒေါ်လာ ၆၅၀၀၀ ပဲ ပြန်သိမ်းဆည်းနိုင်သေးတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က