ရန်ကုန်တိုင်းရဲတပ်ဖွဲ့ က ထုတ်ပြန်တာပါ။

တက္ကစီယာဉ်မောင်းတွေထံကနေ ပစ္စည်းတွေကို အုပ်စုဖွဲ့ ဓါးထောက်လုယက်တဲ့ လူငယ် ၉ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

Photo- Yangon Police

ဖေဖော်ဝါရီ ၁၄ ရက်က မြောက်ဒဂုံမြို့နယ်မှာ လုယက်မှုကျုးလွန်ထားကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့ တွေ ပူးပေါင်းရှာဖွေရာ အောင်မျိုးဦး(ခ)စကေး၊ မြင့်ဝင်း(ခ) ညိုကြီး၊ သီဟနောင်(ခ)မဟာထွန်း၊သန့်ဇင်ဖြိုး(ခ)မှန်ကြီး(ခ)ကုလား(ခ)လေးလုံး၊ နန်းဦးလှိုင်(ခ)ဘူးကြီး(၁၇)နှစ်၊ သန်းအောင်ဝင်း(ခ) ကျော်ကြီး၊ စောသာမလာဆေး (ခ)မောင်ချစ်၊ အေးမင်းသန့်(ခ)ကိုခန့်၊ ကျော်လင်းထူး(ခ)ဆန်နီ တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ ြဖစ်စဉ်တွေမှာ ၂၀၁၈ ခုနှစ်အောက်တိုဘာလအတွင်းက မြင့်ဝင်း(ခ)ညိုကြီးမှာ မြောက်ဒဂုံမြို့နယ် ပင်လုံအိမ်ယာ၊ ပင်လုံတံတားအနီး တွင် ရပ်နေတဲ့ မိန်းမလျာတစ်ဦးထံမှ Oppo A33W အမျိုးအစား ဖုန်း(၁)လုံး၊ ၂၀၁၉ခုနှစ် ဇန်နဝါရီလအတွင်းက အောင်မျိုးဦး(ခ)စကေး၊ သန့်ဇင်ဖြိုး(ခ)မှန်ကြီး(ခ)ကုလား(ခ)လေးလုံးနှင့် နန်းဦးလှိုင်(ခ)ဘူကြီးတို့(၃)ဦးမှာ မြောက်ဒဂုံမြို့နယ်(၁၆)ရပ်ကွက်၊ မောင်းမကန်လမ်းနှင့် အနော်ရထားလမ်းကြားရှိ အိမ်ယာဝန်းမှောင်ရိပ်တွင် တက္ကစီ ယာဉ်မောင်းတစ်ဦးကို ဓားထောက်ပြီး HUAWEI အမျိုးအစား ဖုန်း(၁)လုံးကို လုယက်ခဲ့တယ်လို့ သိရပါတယ်။

စောသာမလာဆေး(ခ)မောင်ချစ်၊ ကျော်လင်းထူး(ခ)ဆန်နီ (၂)ဦးမှာ မြောက်ဒဂုံမြို့နယ်၊(၁၆)ရပ်ကွက်၊ မောင်းမကန်လမ်းနှင့်အနော်ရထားလမ်းကြား ရှိ  အိမ်ယာဝန်းမှောင်ရိပ်မှာ တက္ကစီအငှားယာဉ်မောင်းတစ်ဦးကို ဓါးထောက်ပြီး Mi အမျိုးအစား ဖုန်း(၁)လုံး၊  လေးထောင့်ပုံစတီးလက်ပတ်နာရီ(၁)လုံး၊ ငွေရောင်ဟမ်းချိန်(၁)ခု တို့ကို လုယက်ခဲ့ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလအတွင်း နန်းဦးလှိုင် (ခ) ဘူကြီး၊ စောသာမလာဆေး(ခ)မောင်ချစ်၊ အေးမင်းခန့်(ခ)ကိုခန့်နဲ့ ကျော်လင်းထူး(ခ)ဆန်နီတို့(၄)ဦးမှာ မြောက်ဒဂုံမြို့နယ်၊ (၁၆)ရပ်ကွက်၊ မောင်းမကန်လမ်းနှင့် အနော်ရထားလမ်းကြား မှောင်ရိပ်မှာ တက္ကစီအငှား ယာဉ်မောင်းတစ်ဦးအား ဓါးထောက်ပြီး Mi အမျိုးအစား ဖုန်း(၁)လုံး၊ ငွေ(၂၈၀၀၀)ကျပ်၊ အောင်မျိုးဦး(ခ)စကေး၊ သန့်ဇင်ဖြိုး(ခ)မှန်ကြီး(ခ)ကုလား(ခ)လေးလုံးနှင့်သန်းအောင်ဝင်း(ခ)ကျော်ကြီးတို့(၃)ဦးမှာ မြောက်ဒဂုံမြို့နယ်၊ (၁၆)ရပ်ကွက်၊ မောင်းမကန်လမ်း နှင့်အနော်ရထားလမ်းရှိ အိမ်ယာဝန်းမှောင်ရိပ်တွင် 

တက္ကစီအငှားယာဉ်မောင်း တစ်ဦးအား ဓါးထောက်ပြီး SAMSUNG အမျိုးအစား ဖုန်း(၁)လုံး၊ ငွေ(၃၀၀၀၀)ကျပ်တို့ကို အသီးသီးလုယက် ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

သက်သေခံပစ္စည်းတွေကို ပြန်လည် သိမ်းဆည်းပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူနေတယ်လို့ တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က