ကျောင်းသားတွေ အမြန်ဆုံးလာထုတ်ဖို့ ကြေညာထားပါတယ်။

မတ်လမှာ ကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားတွေကို လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်မှစတင်ကာ တိုင်းနဲ့ ပြည်နယ်တွေက စာစစ်ဌာန အသီးသီးမှာ ထုတ်ယူနိုင်ပြီလို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေ သိရပါတယ်။

အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခွဲနဲ့ တွဲဖက်အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ တတ်ရောက်ပြီး ဖြေဆိုကြမယ့် တက္ကသိုလ်ဝင်ကျောင်းသားကျောင်းသူတွေ အနေနဲ့ မိမိတို့ရဲ့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ( Identity Card) တွေကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေထံမှာ ထုတ်ယူရမယ်ဆိုပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားပါတယ်။ ပြင်ပကနေ ဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေအနေနဲ့ မိမိတို့ ဖြေဆိုရမယ့်စာစစ်ဌာနကြီးကြပ်ရေးမှူးတွေထံမှာ ထုတ်ယူရမယ်လို့ သိရပါတယ်။

“ဆရာတို့ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်ကနေစပြီးတော့ ခရိုင်တွေကိုပေးနေပါပြီ။ ခရိုင်ကတစ်ဆင့် မြို့နယ်တွေ၊ စာစစ်ဌာနတွေကို ဖြန့်မှာပေါ့ ။ ကျောင်းသားတွေကိုတော့ ၁၅ ရက်နေ့ကနေစပြီးတော့ ထုတ်ဖို့ ခွင့်ပြုထားပါတယ်။ ရက်ကိုတော့ ကန့်သတ်ချက်တော့ မထားပါဘူး။ကလေးတွေက အမြန်ဆုံးလာထုတ်မှသာ ကတ်ပြားတွေကို ပြန်စစ်ပြီး မှားခဲ့ရင် ပြန်ပြင်လို့ရမှာပါ” လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က Duwun ကိုပြောပါတယ်။

ကျောင်းသားကျောင်းသူတွေအနေနဲ့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားတွေ ထုတ်ယူရာမှာ အခက်အခဲရှိမယ်ဆိုပါကသက်ဆိုင်ရာ ကျောင်းအုပ်ကြီး၊စာစစ်ဌာနကြီးကြပ်ရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေနဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက် မေးမြန်းနိုင်တယ်လို့လည်း သိရပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၆ ရက်ကနေ ၁၅ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ဖြေဆိုမယ့် ကျောင်းသားကျောင်းသူ ကိုးသိန်းနီးပါးခန့်ရှိတယ်လို့လည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေ သိရပါတယ်။

Share

Loading Next Article...
က္က