ယူနိုက်တက်တိုက်စစ်မှူးဂရင်း၀ုဒ်ကတော့ ဝက်စ်ဟမ်းနဲ့ပွဲစဉ် ပထမပိုင်းမှာ တကိုယ်ကောင်းဆန်တဲ့ ကစားပုံကို ပြသခဲ့တယ်ဆိုကာ ပရိသတ်တွေရဲ့ ပြစ်တင်မှုကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ အသက် ၂၀ အရွယ် တိုက်စစ်မှူးဟာ အသင်းအတွက် ပုံမှန်ကစားခွင့်ရနေသူဖြစ်ပြီး တိုက်စစ်ပိုင်းမှာ ရော်နယ်ဒိုနဲ့ တွဲဖက်ကစားနေရတာလည်းဖြစ်ပါတယ်။
မနေ့က ကစားခဲ့တဲ့ပွဲမှာတော့ ဂရင်း၀ုဒ်ဟာ ဖာနန်ဒက်စ်ရဲ့ ပေးပို့မှုကို လက်ခံရရှိခဲ့ပြီးနောက် ကိုယ်တိုင်ကန်သွင်းယူဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရော်နယ်ဒိုက ဧရိယာအတွင်း လူကပ်ခံထားရခြင်းမရှိဘဲ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်နေခဲ့ကာ သူ့ဆီကို ဘောလုံးပေးပို့ခဲ့ပါက ဂိုးရနိုင်တဲ့ အခွင့်အရေးပိုကောင်းမှာဖြစ်ပေမယ့် ဂရင်း၀ုဒ်က လူကပ်ခံထားရတဲ့ အနေအထားမှာ ကိုယ်တိုင်ကန်သွင်းခဲ့ပြီး ဂိုးမရခဲ့ဘဲဖြစ်ခဲ့ပါတယ်။
သူ့ကို ဘောလုံးထိုးမပေးခဲ့လို့ ရော်နယ်ဒိုကိုယ်တိုင်လည်း ဒေါသထွက်ခဲ့ပြီး သူ့လက်တွေကို မြှောက်ကာ အမူအယာနဲ့ပြသခဲ့ပါတယ်။ အဆိုပါအခိုက်အတန့်မှာ ယူနိုက်တက်ပရိသတ်တွေကလည်း ဂရင်း၀ုဒ်အနေနဲ့ ရော်နယ်ဒိုကို ပေးသင့်ခဲ့တယ်လို့ ယူဆခဲ့ပြီး ကစားသမားရဲ့ တကိုယ်ကောင်းဆန်မှုအပေါ် အပြစ်တင်ခဲ့ကြပြီး အသင်းအတွက်ကစားပေးဖို့တောင် မထိုက်တန်တော့ဘူးလို့ ဝေဖန်နေကြပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်က ဂရင်း၀ုဒ်အတွက် ဖန်တီးပေးခဲ့မှုနဲ့ပတ်သက်ပြီးလည်း ပြန်လည်ခိုင်းနှိုင်းခံနေခဲ့ရကာ အသင်းဖော်တွေဆီကနေ အတုယူသင့်တယ်လို့လည်း ထောက်ပြခံခဲ့ရပါတယ်။ အမှန်တကယ်လည်း အင်္ဂလန်တိုက်စစ်မှူးဟာ ရော်နယ်ဒိုကို ပေးခဲ့သင့်တာဖြစ်ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်မှားယွင်းမှု၊ ဂိုးရလိုဇောများနေမှုတွေက ယူနိုက်တက်အတွက် နစ်နာစေခဲ့ပါတယ်။