အသင်းဖော်ဟောင်း ဝက်စ်ဘရောင်းနဲ့ အတူရှိခဲ့တာပါ။

ယူနိုက်တက်အိမ်ကွင်းဂျာစီကို ဝတ်ဆင်ထားတဲ့ရော်နယ်ဒိုကို အသင်းဖော်ဟောင်းဝက်စ်ဘရောင်းနဲ့အတူ တွေ့ရှိခဲ့ရပြီး MUTV က ရိုုက်ကူးရေးပြုလုပ်နေခဲ့ပါတယ်။


အိုးထရက်ဖို့ဒ်ကွင်းကြီးအတွင်း ရော်နယ်ဒို ပထမဆုံးခြေချခဲ့တဲ့ ရုပ်ပုံတွေဟာ လူမှုကွန်ယက်ပေါ်မှာ ပေါက်ကြားမှုဖြစ်လာခဲ့ပါတယ်။ စျေးကွက်နောက်ဆုံးနေ့မှာ အသင်းဟောင်းယူနိုက်တက်ကို ရော်နယ်ဒိုပြန်လည်ရောက်ရှိခဲ့ပြီး အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်နေပြီဖြစ်ကာ စက်တင်ဘာ ၁၁ ရက်နေ့ ကစားရမယ့် နယူးကာဆယ်နဲ့ပွဲကို ပါဝင်ဖွယ်ရှိနေပါတယ်။

အဆိုပါပွဲကို ရော်နယ်ဒိုလွဲချော်နိုင်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပေမယ့် ကစားသမားကတော့ အိမ်ကွင်းအိုးထရက်ဖို့ဒ်ကို အသင်းသားတစ်ဦးအဖြစ်နဲ့ ပြန်လည်ရောက်ရှိချိန်မှာ ပထမဆုံးအကြိမ်ဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်အိမ်ကွင်းဂျာစီကို ဝတ်ဆင်ထားတဲ့ရော်နယ်ဒိုကို အသင်းဖော်ဟောင်းဝက်စ်ဘရောင်းနဲ့အတူ တွေ့ရှိခဲ့ရပြီး MUTV က ရိုုက်ကူးရေးပြုလုပ်နေခဲ့ပါတယ်။ 

ရော်နယ်ဒိုအနေနဲ့ ကြံ့ခိုင်မှုပြည့်ဝမှုအပြည့်ရှိနေပေမယ့်လည်း အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်မှုအချိန်နည်းပါးနေသေးတာကြောင့် နယူးကာဆယ်နဲ့ပွဲကို အရန်ကစားသမားအဖြစ်နဲ့သာ ကစားရဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြတာလည်းဖြစ်ပါတယ်။ ယူနိုက်တက်အဓိကကစားသမားတွေဖြစ်တဲ့ ဖာနန်ဒက်စ်၊ ပေါ့ဂ်ဘာ၊ မက်ဂွိုင်းယား၊ လုခ်ရှော၊ လင်ဒီလော့၊ ဗာရန်းတို့က နိုင်ငံအသင်းအတွက် သွားရောက်ကစားပေးနေလို့လည်း အသင်းဖော်အပြည့်အစုံနဲ့ လေ့ကျင့်မှုမလုပ်ရသေးတာလည်းဖြစ်ပါတယ်။ 

နိုင်ငံတကာပွဲစဉ်တွေအပြီး ဒီတစ်ပတ်မှာပြန်လည်စတင်မယ့် ပရီးမီးယားလိဂ်ကတော့ ရော်နယ်ဒိုကြောင့် လှုပ်လှုပ်ခတ်ခတ်ဖြစ်နေသလို စိတ်လှုပ်ရှားစရာလည်းကောင်းနေပါတယ်။ နယူးကာဆယ်နဲ့ပွဲအတွက် လက်မှတ်တွေကိုလည်း ကုန်စင်အောင်ရောင်းချခဲ့ရတယ်လို့သိရကာ အိုးထရက်ဖို့ဒ်ကွင်းကြီးထဲ ပရိသတ်အပြည့်လာရောက်ဖို့ရှိနေကာ ရော်နယ်ဒိုကို ကြိုဆိုကြမှာလည်းဖြစ်ပါတယ်။ 

Share

က္က