အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ယောက်ပါ။

စမိုင်းလ် ကတော့ ရန်ကုန်မှာရှိတဲ့ ဆေးရုံကြီး တစ်ခုခုမှာ အသက်ရှုစက်လှူချင်တယ်လို့ ဆိုပါတယ်။ 

Photo: Smile



စမိုင်းလ်ကတော့ အခုလို COVID-19 ကာလမှာ တကယ်အရေးတကြီးလိုအပ်မှုတွေရှိနိုင်တဲ့ ဆေးရုံတစ်ခုခုမှာ အသက်ရှု စက်လှူချင်တယ်လို့ ဆိုလာပါတယ်။ မကြာသေးခင်ကလည်း သူမတို့ မိသားစုဟာ COVID-19 ကာလမှာ စားနပ်ရိက္ခာ အဆင်မပြေကြတဲ့ မိသားစုဝင်တွေအတွက် We Love Yangon ကနေတဆင့် လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ 

"အသက်ရှူစက်လှူချင်ပါတယ်။ အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးနေရာ ဘယ်နေရာဖြစ်မလဲဟင်" ဆိုပြီးတော့ ဧပြီလ ၂၈ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့  တကယ်လိုအပ်တဲ့နေရာတွေကို ပြောပေမယ့် စမိုင်းလ်က ရန်ကုန်မှာပဲ လှူဖို့ ဆုံးဖြတ်လိုက်တယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။ " စက်ကမှာထားရပါတယ်။ တစ်ပတ် ၊ ၁၀ရက်ကြာရင်ရမယ်ပြောပါတယ်။ အခုတော့လူဦးရေအများဆုံးနဲ့ ရောဂါအများဆုံးဖြစ်နေတဲ့ ရန်ကုန်ကိုပဲလှူလိုက်ပါ့မယ်။ နယ်တွေကအရေးလူနာတွေကိုလည်းရန်ကုန်သို့ပို့ဆောင်ကုသနေတယ်ကြားတော့ ရန်ကုန်ကပိုလိုအပ်မယ်ထင်လို့ပါ။ အားလုံးနားလည်ပေးစေလိုပါတယ်နော်။ အခုထပ်ပိုလှူနိုင်အောင်လည်းကြိုးစားပါ့မယ်ရှင့်" ဆိုပြီးတော့ Comment ပြန်ပေးထားတာ တွေ့ရပါတယ်။ 

Photo: Smile

သရုပ်ဆောင်စမိုင်းလ်ဟာ အသက်ရှုစက်ကို ဘယ်ဆေးရုံမှာ လှူမယ်ဆိုတာကိုတော့ ထည့်သွင်းပြောပြထားတာ မတွေ့ရပါဘူး။သူမဟာ အလှူအတန်းတွေနဲ့ ပတ်သက်လာရင် မကြာခဏ ဆောင်ရွက် နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ စမိုင်းလ်တို့မိသားစုကိုတော့ အားမကျတဲ့ ပရိသတ်မရှိသလောက်ပါပဲ။ စမိုင်းလ်ဟာ ခင်ပွန်းကောင်းကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သလို၊ အရမ်းလိမ္မာတဲ့ သမီးလေး နှစ်ယောက်ကို လည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo: Smile

သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထားသလိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေရှိလာနိုင်အောင်လည်း ခင်ပွန်းဖြစ်သူက အလုပ်ကြိုးစားသလို သူကိုယ်တိုင်ကလည်း အိမ်ထောင်မှုကိုထိန်းသိမ်း ရ တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ဖူးပါတယ်။ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီနောက် အလှူအတန်းတွေလည်း မကြာခဏဆိုသလို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က