ချူအာမန်နီနဲ့ပတ်သက်လို့ ပီရက်ဇ်က ပြောကြားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ဥက္ကဌကြီး ဖလော်ရန်တီနိုပီရက်ဇ်က သူတို့ခေါ်ယူထားတဲ့ မိုနာကိုကြယ်ပွင့် ချူအာမန်နီကို လီဗာပူးကလည်း ခေါ်ယူဖို့ ကြိုးစားခဲ့သေးကြောင်း၊ ဒါပေမယ့် ကစားသမားက ရီးရဲလ်မက်ဒရစ်ကိုသာ လာချင်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ချူအာမန်နီဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်အနာဂတ်အတွက် အားကိုးရတဲ့ ကစားသမားအဖြစ် သတ်မှတ်ခံထားရပါပြီ။



ဒီကစားသမားကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အပြင် လီဗာပူး၊ ပီအက်စ်ဂျီတို့ကလည်း ကြိုးစားခဲ့သေးတယ်လို့ သိရှိရပါတယ်။ အမ်ဘာပေက ချူအာမန်နီကို ပီအက်စ်ဂျီလာဖို့ စည်းရုံးသိမ်းသွင်းခဲ့ပြီး လီဗာပူးကလည်း တိတ်တဆိတ် ကြိုးစားခဲ့ဟန်ရှိပါတယ်။ ချူအာမန်နီကိုယ်တိုင်ကလည်း အမ်ဘာပေ သူ့ကို ပီအက်စ်ဂျီလာမလား မေးခဲ့ကြောင်း ဖွင့်ဟထားပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ်က “ချူအာမန်နီရဲ့ အပြောင်းအရွှေ့လား? လူတယောက်က သူ့ကို ပီအက်စ်ဂျီကို လာမလား မေးခဲ့တယ်မဟုတ်လား။ ဟုတ်ပါတယ်။ အမ်ဘာပေက ဒီအတွက် ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ဒါက ပုံမှန်ပါပဲ”

“ပီအက်စ်ဂျီရော၊ လီဗာပူးရော ချူအာမန်နီကို လိုချင်ခဲ့တာပါ။ ဒီလိုပြိုင်ဆိုင်မှုတွေက သာမန်ကိစ္စပါ။ ချူအာမန်နီကတော့ ရီးရဲလ်မက်ဒရစ်ကိုပဲ ပြောင်းချင်ခဲ့တာလေ” လို့ ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ရူဒီဂါကို ချဲလ်ဆီးကနေ ခေါ်ယူခဲ့ပြီး အဲ့ဒီနောက် ချူအာမန်နီကိုခေါ်ယူခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အနေနဲ့ ပြီးခဲ့တဲ့ မေ (၂၈) မှာလည်း လီဗာပူးကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးကို ဗီနီရှပ်စ်ရဲ့တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ယူခဲ့ပြီး လီဗာပူးကို ချန်ပီယံလိဂ်ဗိုလ်လုပွဲရှုံးကြွေးထပ်တင်စေခဲ့ပါတယ်။ အခုတခါမှာလည်း ရီးရဲလ်မက်ဒရစ်တို့ ချူအာမန်နီရဲ့ အပြောင်းအရွှေ့မှာပါ လီဗာပူးကို ထပ်မံအနိုင်ယူပြခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 

Share

က္က