ပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့တာပါ။

ဘရိုက်တန်ကို ရစရာမရှိအောင် ရှုံးနိမ့်အပြီးမှာတော့ ယူနိုက်တက်ယာယီနည်းပြရန်းဂ်နစ်ခ်က ပရိသတ်တွေကို ရှုံးပွဲအတွက်တောင်းပန်စကားပြောဆိုသွားခဲ့ပါတယ်။ အရှက်ရစရာကောင်းလွန်းတဲ့ ရှုံးပွဲအတွက် ရန်းဂ်နစ်ခ်တယောက် ခေါင်းမဖော်နိုင်အောင် ဖြစ်ခဲ့ရပြီး အသင်းကို သူ ဘယ်လိုမှ ကယ်တင်ပေးနိုင်စွမ်းမရှိဘူးဆိုတာကိုလည်း သိသာစေခဲ့ပါတယ်။ 

သူ့လက်ထက်မှာ အဆိုးရွားဆုံးခြေစွမ်းဖြစ်မလားလို့ Sky Sports က မေးမြန်းခဲ့ရာမှာ "မှန်ပါတယ်၊ ပွဲအစကနေ နောက်ဆုံးမိနစ်အထိ ဆိုးဝါးခဲ့ပါတယ်၊ သူတို့နောက်မှာပဲ ကျနော်တို့ရှိခဲ့ပါတယ်၊ ဒီအတွက်လည်း အသင်းပရိသတ်တွေကိုပဲ ကျနော်တောင်းပန်နိုင်တော့တယ်၊ ဆိုးရွားတဲ့စွမ်းဆောင်ရည်တွေဖြစ်ခဲ့ပြီးတော့ အရှက်စရာအရေးနိမ့်မှုပါ" လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။ 

"သူတို့ကို ကျနော်တို့ အချိန်တွေအများကြီးပေးထားခဲ့တယ်၊ နေရာလွတ်တွေအကြီးကြီးပေးခဲ့တယ်၊ ကိုယ့်ရဲ့နေရာကနေ သူတို့ကိုမတားဆီးနိုင်ခဲ့ဘူး၊ ပွဲကြိုစီမံချက်နဲ့ ဘာမှမဆိုင်ခဲ့ပါဘူး၊ သူတို့ကို မရပ်တန့်နိုင်ခဲ့ဘူး၊ ကစားသမားတွေက ပွဲကြိုစီမံချက်ကို လျစ်လျူရှုခဲ့တယ်လို့တော့ ကျနော်မထင်ပါဘူး ၊ဒါပေမယ့်လည်း သူတို့ကို မတားဆီးနိုင်ခဲ့ဘူးလေ၊ ကျနော်တို့က နည်းစနစ်ပိုင်းကောင်းတဲ့ ကစားသမားတွေကို နေရာလွတ်တွေပေးခဲ့ပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာ တွေ့မှာပေါ့" လို့ သူက ထပ်ပြောခဲ့ပါတယ်။ 

ယူနိုက်တက်ပရိသတ်တွေဟာ ပွဲအပြီးမှာတော့ အသင်းသားတွေကို မင်းတို့က ဒီဂျာစီနဲ့ မတန်တော့ဘူးလို့ အော်ဟစ်ကာ အပြစ်တင်ခဲ့ကြပါတယ်။ ယူနိုက်တက်အသင်းဂျာစီဝတ်ဆင်ပြီး အခုလိုပုံစံကစားနေတဲ့ ကစားသမားတွေကို ပရိသတ်တွေက တော်တော်လေးဒေါသထွက်နေကြတယ်လို့ သိရပြီး ကစားသမားနဲ့နည်းပြတွေ ခေါင်းတောင်မဖော်နိုင်တဲ့ နေ့တနေ့ဖြစ်လာခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က