စက်တင်ဘာလအတွက် အကောင်းဆုံးကစားသမားဆုကို ရည်ရွယ်ခဲ့တာပါ။

ရော်နယ်ဒိုဟာ အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ယူနိုက်တက်အတွက် ပထမဆုံးပရီးမီးယားလိဂ်လေးပွဲမှာ ၃ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။ 


စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်တလတာအကောင်းဆုံးကစားသမားဆုကို မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးရော်နယ်ဒို ဆွတ်ခူးခဲ့တဲ့အပေါ် ဂယ်ရီလိုင်နီကာ ဘဝမကျဖြစ်နေပါတယ်။ ရော်နယ်ဒိုဟာ အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ယူနိုက်တက်အတွက် ပထမဆုံးပရီးမီးယားလိဂ်လေးပွဲမှာ ၃ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။ 



အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီဆုကို ၂၀၀၈ ခုနှစ်၊ မတ်လက နောက်ဆုံးအကြိမ်ရရှိခဲ့ပြီး ၁၃ နှစ်အကြာမှာ ပထမဆုံးအကြိမ်ပြန်လည်ဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂယ်ရီလိုင်နီကာကတော့ စက်တင်ဘာလအကောင်းဆုံးကစားသမားဆုကို လီဗာပူးလ်တိုက်စစ်မှူးမိုဟာမက်ဆာလာသာ ရရှိသင့်တယ်လို့ ယုံကြည်နေပါတယ်။ 

လက်စတာနဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်းက သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ "ရော်နယ်ဒိုက အရမ်းကောင်းတဲ့ကစားသမားပါ၊ ဒါပေမယ့် ဒီလအတွက်အကောင်းဆုံးဆုကိုတော့ ဆာလာပဲရရှိသင့်ပါတယ်" လို့ မှတ်ချက်ပြုရေးသားခဲ့ပါတယ်။ ဆာလာကတော့ စက်တင်ဘာလအတွင်းကစားခဲ့တဲ့ ၃ပွဲမှာ ပွဲအားလုံးဂိုးသွင်းယူနိုင်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းတွေကို ပြသခဲ့သူဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်၊ ခရစ္စတယ်ပဲလေ့စ်၊ ဘရန့်ဖို့ဒ်နဲ့ပွဲတွေမှာ သွင်းယူခဲ့တာဖြစ်ပြီး လီဗာပူးလ်အတွက် အကောင်းဆုံးခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။ ဆာလာနဲ့အတူ ရော်နယ်ဒို၊ ကန်ဆယ်လို၊ ရူဒီဂါ၊ စိန့်မက်ဆီမင်၊ အစ္စမယ်လာဆားတို့ ဆန်ခါတင်ရွေးချယ်ခံခဲ့ရပြီး ရော်နယ်ဒိုက ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုရရှိခဲ့တဲ့အပေါ်မှာ ပရိသတ်တချို့ကလည်း အမြင်ကွဲလွဲနေကြပြီး ဆာလာရရှိသင့်တယ်လို့ တွစ်တာပေါ်မှာ ရေးသားခဲ့ကြကြောင်း Liverpool Echo က ဖော်ပြခဲ့ပါတယ်။ 

Share

က္က