ဝက်ဝက်ကွဲအောင် ပွင့် ဝေဖန်ခံရမှုတွေအပေါ် သုံးသပ်ပြောပြလာပါတယ်။

‘’ ဝက်ဝက်ကွဲအောင်ပွင့်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ရန်အောင်က သူ့ရဲ့ အမြင်ကို ပြောပြလာပါတယ်။ ပရိသတ်တွေ ဝေဖန်နေတဲ့ နှုတ်ခမ်းမွေးထား၊ ဗလတောင့်ပြီး ဒေါက်ဖိနပ်စီးတဲ့ သူတွေက မြန်မာနိုင်ငံမှာတင်မက ကမ္ဘာအရပ်ရပ်မှာလည်း ရှိတယ်လို့ ဆိုပါတယ်။

Photo: Wuk Wuk Kwal Aung Pwint



သရုပ်ဆောင် အကယ်ဒမီများရှင် ရန်အောင်က ‘’ဝက်ဝက်ကွဲအောင်ပွင့်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရမှုတွေအပေါ် သူ့ရဲ့ သုံးသပ်ချက်ကို မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

‘’ ကျွန်တော်ထင်တာတော့ အခြေအနေအရလို့ပဲ ထင်ပါတယ်။ ဥက္ကာမင်းမောင်ကို နှုတ်ခမ်းမွေးကြီးနဲ့ လုပ်ခိုင်းလိုက်တော့ ပြောစရာကြီးလို ဖြစ်သွားမှာပေါ့နော်။ အဲဒီလို လူတွေကလည်း တကယ် ကမ္ဘာမှာရှိနေတာကိုး မြန်မာပြည်မှာလည်း ရှိပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Yan Aung

အဲဒီနောက် လူမှုကွန်ယက် စာမျက်နှာတစ်ခွင်မှာ အောင်မြင်နေတဲ့ ပြည်ပနိုင်ငံက အခြောက်တွေလည်း ရှိတယ်ဆိုတာကိုလည်း ရန်အောင်က ခိုင်းနှိုင်းပြောပြခဲ့ပါတယ်။

‘’ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးနဲ့ ဘယ်သူလည်း နာမည်တောင်မေ့နေပြီ သူ့စိတ်ကူးနဲ့ သူနေတာလေ။ သူ့အခွင့်အရေးနဲ့ သူနေတာဆိုတော့ ကျွန်တော် တို့က သွားပိတ်ပင်နေလို့မှ မရတာ။ အဲဒီအပေါ်မှာ လျှောက်ပြောနေရင် စကားအဖက်တင်တာပဲရှိမယ်’’ ဆိုပြီးတော့ ‘’ဝက်ဝက်ကွဲအောင် ပွင့်’’ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Sam Smit

အဲ့ဒီနောက် ယောကျ်ားဆန်ဆန် နေပေမယ့် စိတ်က နွှဲနေတဲ့ ဗလတောင့်တောင်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးထားတဲ့သူလည်း ရှိတယ်လို့ ရန်အောင်က ဆက်လက်ပြောပြထားပါတယ်။ သူ့အနေနဲ့ ပရိသတ်တွေကိုလည်း ကမ္ဘာအနှံ့မှာရှိတဲ့ အကြောင်းအရာတွေကို လေ့လာစေချင်ကြောင်း ဆိုပါတယ်။

‘’ ဖိလစ်ပိုင်မှာတောင်မှ ၆ လက်မ ဒေါက်ကြီးစီးပြီး ဗလကြီးနဲ့ လမ်းလျှောက်တာ အရမ်းလှတယ်။ ပြေးတောင် ပြေးနေသေးတယ်။ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးနဲ့ ဗလကြီးနဲ့ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ ဒါပေမယ့် သူ တအားနွှဲနေတယ်။ ပြောချင်တာကတော့ အမြင်လေးလည်း ကျယ်စေချင်တယ်။ ကမ္ဘာတစ်လွှားကိုလည်း လှမ်းကြည့်စေချင်တယ်။ ကိုယ့် မြန်မာတွေကိုလည်း အားပေးစေချင်ပါတယ်’’ လို့ ဖြေဆိုပေးခဲ့ပါသေးတယ်။

Photo: Moe Htet Kyaw

ဝက်ဝက်ကွဲအောင်ပွင့် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ရန်အောင်၊ ပြေတီဦး၊ ဥက္ကာမင်းမောင်၊ ထွန်းလွင်အောင်၊ ဝေလျှံ၊ မင်းဇေ၊ စိုးမြတ်သူဇာ၊ မိုးပြည့်ပြည့်မောင်၊ ဝတ်မှုံရွှေရည်၊ ယွန်းရွှေရည်၊ နန်းခင်ဇေယျာ နဲ့ ရွှေပိုးအိမ်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကြီးကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က