အိချောပို တစ်ယောက် လက်ရှိမှာ နှုတ်ခမ်းကို Filler ထိုးထားတယ် ဆိုပြီးတော့ ဖွင့်ဟပြောပြခဲ့ပါတယ်။ မကြာခင်မှာလည်း Lady Boy ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရမှာဖြစ်တဲ့အတွက် ပါဝင်ရမယ့် ဇာတ်ကောင်ကာရိုက်တာအပေါ် ပရိသတ်တွေ နားလည်ပေးဖို့ ကြိုတင် ပြောပြ ခဲ့ပါသေးတယ်။
သရုပ်ဆောင်အိချောပိုက အခုလက်ရှိမှာတော့ သူ့ရဲ့နှုတ်ခမ်းအလှအပအတွက် Filler လေး ထိုးထားတယ်လို့ ဆိုပါတယ်။ ရိုက်ကူးရေးတွေ ကြောင့်ပျက်စီးသွားတဲ့အသားအရေအတွက် ဆေးခန်းသွားပြရင်း ဆရာဝန်ရဲ့ တိုက်တွန်းချက်ကြောင့် ခဏထိုးကြည့်ခဲ့တယ်လို့ မီဒီယာတွေကနေ တဆင့်ပြောပြလာပါတယ်။
'' အိချောတို့က အသားအရေ sensitive ဖြစ်တဲ့အထဲမှာ ပါတယ်။ မီးထိုး၊ မှန်ထိုးတွေ၊ ပြီးတော့ နေဒဏ်။ လေဒဏ်တွေလည်းခံရတယ်။ sen sitive ဖြစ်တဲ့ အသားအရေကျတော့ အသားဖြူမှ၊ အသားညိုမှရယ် မဟုတ်ဘူး နည်းနည်းလေးထိလိုက်ပြီဆိုတာနဲ့ အလားဂျစ်တွေ ဖြစ်လာ ရော၊ အာ့နဲ့ ဆရာ့ဆီမှာ သွား လုပ်ရင်းနဲ့ နှုတ်ခမ်းကို Filler လေး ထိုးကြည့်ပါလား ဆိုတာနဲ့ ထိုးကြည့်လိုက်တာပါ'' လို့ သူကဆိုပါတယ်။
အိချောပိုဟာ မကြာခင်ရိုက်ကူးတော့မယ့် Lady Boy ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာ လည်း မော်ဒယ်၊ မင်းသမီးတစ်ယောက် ကာရိုက်တာအဖြစ် ပါဝင်သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ဖက်ရှင်တွေကတော့ တော်တော် အလန်း ဇယားဖြစ်မယ်လို့ ဆက်လက်ပြောပြထားပါတယ်။
'' ဒီဇာတ်ကားထဲမှာ အိချောက နိုင်ငံခြားမှာနေတဲ့ မော်ဒယ်၊ မင်းသမီးပေါ့နော်။အိချော ဝတ်ရမယ့် ဖက်ရှင်တွေကလည်း ဒီကားလေး ရုံတင်ရင် ပရိသတ်တွေ တွေ့ရမှာပါ။ ဒါရိုက်တာကလည်း တော်တော်လေးကို ဝတ်ခိုင်းထားတယ်။ ဒါနဲ့ ပတ်သက်ပြီး အိချောကို နားလည်ပေးကြပါ၊ ကာရိုက်တာကို ဦးစားပေးတာဖြစ်တဲ့အတွက် အလုပ်အတွက်ပဲ ခေါင်းထဲထည့်ထားပါတယ်'' လို့ သူကဆိုပါတယ်။
အမြဲတမ်း ချစ်စရာကောင်းတဲ့ ဖက်ရှင်တွေ၊ မြန်မာဝတ်စုံလေးတွေဘဲ ဝတ်တတ်တဲ့ အိချောပိုကို သူ့ရဲ့ ပရိသတ်တွေက နည်းနည်းလေး ဖော် ဝတ်တာတောင်မှ ပြောချင်ကြတယ်လို့ ဆိုပါတယ်။ Lady Boy ဇာတ်ကားထဲမှာလည်း အမိုက်စားတွေ ဝတ်ရမှာ ဖြစ်တဲ့အတွက် ကာရိုက်တာ အတွက်ဦးစားပေးသွားမယ်လို့ သြဂုတ်လ ၃၀ ရက်နေ့မနက်က Lady Body ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။
'' တစ်ခါတလေကျရင် အိချော လက်ပြတ်လေးဝတ်ရင်တောင်မှ ပြောကြတယ်။ အိချောပဲ မြန်မာပုံစံလေးတွေ ဝတ်တာများလို့လား မသိဘူး။ ဒါပေမယ့် အိချောက အခုရိုက်ရမယ့် ကာရိုက်တာအတွက်ပဲ ခေါင်းထဲမှာ စဉ်းစားတယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်'' ဆိုပြီးတော့ သူကဆိုပါတယ်။
ယိုးဒယားအနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်ကားကြီးဖန်တီးမယ့် ကိုပေါက်
အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်အရှေ့ကိုရောက်လာတဲ့ အိချောပိုဟာ အခုဆိုရင် အရမ်းကိုအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာအလှအပကြောင့်လည်း ပရိသတ်တွေအားကျရသလို ဇာတ်ရုပ်တိုင်း အပေါ် သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ပရိသတ်အချစ်ကို ပိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။