စစ်ကိုင်းတိုင်း တမူးမြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်ရဲ့ နေအိမ်ခြံဝင်းအတွင်းကို လက်ပစ်ဗုံးပစ်ပေါက်ခံခဲ့ရတယ်လို့ တမူးမြို့နယ်ရဲစခန်းကနေ စုံစမ်းသိရှိရပါတယ်။
Photo- ကဘော်ဆုသန်း(CNJ)
ဒီဇင်ဘာ ၃ ရက် ည ၇ နာရီဝန်းကျင်လောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်ကယ်စီးလာတဲ့ လူတွေကနေ နေအိမ်ထဲကိုပစ်ပေါက်ခဲ့တာဖြစ်တယ်လို့ တမူးမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။
“ ဆိုင်ကယ်နဲ့လာပြီး ဗုံးလာပစ်သွားသူတွေကတော့ ဘယ်နှစ်ယောက်မှန်း သေသေချာချာ မသိဘူးလို့ အိမ်ရှင်တွေက ပြောတယ်။ လောလောဆယ်တော့ တရားခံတွေကို မဖမ်းမိသေးပါဘူး” လို့ ရဲအရာရှိက ဆိုပါတယ်။
Photo- ကဘော်ဆုသန်း(CNJ)
ဗုံးကတော့ ပေါက်ကွဲသွားခြင်းမရှိဘဲ သက်ဆိုင်ရာတွေက လာရောက်ရှင်းလင်း သိမ်းဆည်းသွားခဲ့တယ်လို့သိရပါတယ်။
အခင်းဖြစ်ပွားချိန်မှာတော့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်ကအမျိုးသားလွှတ်တော်အစည်းအဝေးကြောင့် နေပြည်တော်မှာ ရောက်နေခဲ့တာဖြစ်ပြီး နေအိမ်မှာ အမေနဲ့ ညီမဖြစ်သူသာ ကျန်နေခဲ့တာလည်းဖြစ်ပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်ကို Duwun က ဆက်သွယ်မေးမြန်းရာမှာတော့ “ အိမ်ထဲကို လက်ပစ်ဗုံးပစ်ခံရတာဟုတ်ပါတယ်။ “ လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။