ဘယ်လိုတွေတောင်လွဲသွားလဲကွယ်။

"အလျှံပယ်" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးနေတဲ့ သက်မွန်မြင့်က ဒီနေ့ရှုတင်မှာ  အလွဲတစ်ခု လုပ်လိုက်မိတယ်တဲ့။



 

"အလျှံပယ်" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးနေတဲ့ သက်မွန်မြင့်က ဒီနေ့ရှုတင်မှာ  အလွဲတစ်ခု လုပ်လိုက်မိတယ်တဲ့။ သူမလွဲသွားတဲ့ အလွဲလေးနဲ့ ပတ်သက်ပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ ပရိသတ်တွေကို ယခုလို ပြောပြထားတာတွေ့ရပါတယ်။

"ဒေါ်သက်မွန်တို့အလွဲက စတာပဲ  မခိုင်လေးနဲ့ ရိုက်တော့ နားနေခန်း တခန်းထဲကျတာ.အိပ်ယာပါတော့ အိပ် ချင်လာအိပ်နော်တဲ့ မခိုင်လေးခေါ်တာကို ပြန်ပြောမိတာ ပါးကွဲသွားမယ် အမရယ်တဲ့  အမှန်က အိပ်ပျော်သွားမှာစိုးလို့ အိပ်ရင် ပါးဖောင်းတဲ့ကိုယ့်ရဲ့ပါး ကွဲသွားမယ် ပြောချင်တာ။ဟီးးးတော်သေးတာပေါ့ ။အချင်းချင်း နားလည်တဲ့သူမို့လို့  အဲ့လို တလွဲ သက်မွန်ပါဆို" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၂၈) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

သူမရဲ့ အလွဲနဲ့ ပတ်သက်ပြီး သူမရဲ့ ပရိသတ်တွေကလည်း သဘောကျလို့နေပါတယ်။ခိုင်သင်းကြည်နဲ့ သက်မွန်မြင့်တို့ဟာ လက်ရှိမှာ "အလျှံပယ်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဒါရိုက်တာ စတီးလ်ရိုက်ကူးနေတဲ့ "အလှျှံပယ်" ရုပ်ရှင်ဇာတ်ကားကြီးမှာ ထွန်းထွန်း၊အလင်းရောင်၊ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ မေမြင့်မိုရ်၊ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

သက်မွန်မြင့်ကို ပရိသတ်တွေကရော၊ မိတ်ဆွေ အပေါင်းအသင်းတွေကပါ အိမ်ထောင်ရေးကံကောင်းတယ်လို့ ဆိုကြပါတယ်။ ခင်ပွန်းဖြစ်သူ က အရမ်းချစ်ပြီး အလို လိုက်တာကြောင့်လည်း အနုပညာအလုပ်တွေကို အေးအေးဆေးဆေးလုပ်ကိုင်ခွင့်ရနေသူပါ။ ဒီလို နားလည်မှုတွေ ပေးတတ်တဲ့ ခင်ပွန်းအကြောင်းကိုလည်း စက်တင်ဘာလ ၂၅ ရက်နေ့ မနက်က အလျှံပယ် ရုပ်ရှင်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့ပါတယ်။

 

''သက်မွန်က ယောကျ်ားချစ်တာခံရတယ်ဆိုတာက သူတို့မနာလိုတာပါ။သက်မွန်က သံယောဇဉ်တွယ်တက်တယ်။ သူတို့ကိုလည်း အရမ်း ချစ်တယ်။ ယောကျ်ားကျတော့ မေတ္တာပေါ့ ကျေနပ်ပါတယ်။အဓိက သက်မွန်ရဲ့ အဆိုးအကောင်းကို သူလက်ခံပေးတယ်။ ပြီးတော့ အဓိက သက်မွန်ကို ယောကျာ်းတစ်ယောက်အနေနဲ့တင်မဟုတ်ပဲ သူငယ်ချင်းတစ်ယာက် အနေန့ကော ပေါင်းလို့ရတယ်။ အစ်ကိုတစ်ယောက်လို လည်း တိုင်ပင်လို့ရတယ်။ အများကြီးကိုယ့်ကို ရပ်တည်ပေးတ်။ကိုယ့်ရဲ့ အားသာချက်တွေကို ပြောပြတယ်။ အားနည်း ချက်တွေလည်း ပြောင်းလဲဖို့လမ်းပြပေးတယ်။ ကံကောင်းတယ်လို့ ပြောရမှာ'' လို့ ဖြေဆိုပေးထားပါတယ်။

 

သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က