သတ်မှတ်ချက်တွေနဲ့ ပြည့်စုံတဲ့ လူငယ်တွေအနေနဲ့ ရဲတပ်ဖွဲ့ထဲဝင်ဖို့အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်း လိုက်ပါတယ်။
photo- အတိုင်ပင်ခံရုံး
မတ်လ ၇ ရက်နေ့မှာ ခန္တီးမြို့ ထမံသီကျေးရွာမှာပြလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
“စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့သူတွေကို ရဲထဲကို ဝင်ဖို့ တိုက်တွန်းချင်တယ်။ရဲထဲကိုဝင်တယ်ဆိုတာက ငြိမ်းချမ်းရေးကိုလုပ်တာပဲ။နိုင်ငံအေးချမ်းရေးအတွက် လုပ်တာပဲ။အဲ့တော့ ဒီနိုုင်ငံမှာ ကောင်းတဲ့ရဲဝန်ထမ်းတွေအများကြီးလိုပါတယ်။ သတ်မှတ်ထားတဲ့အရည်အချင်းနဲ့ပြည့်စုံတဲ့ လူငယ်များရဲထဲမှာတာဝန်ထမ်းဆောင်ဖို့ စဉ်းစားကြပါလို့ တိုက်တွန်းချင်တယ်။ ”လို့ အတိုင်ပင်ခံက ပြောကြားခဲ့တာပါ။
မူးယစ်ဆေးဝါးနဲ့ ပါတ်သတ်ပြီးမေးမြန်းရဲ့ ပြည်သူတစ်ဦးရဲ့ မေးမြန်းချက်အပေါ်မူတည်ပြီးတော့ အတိုင်ပင်ခံက ဖြေကြားရင်းနဲ့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ ရဲလုပ်ငန်းမှာလုပ်ကိုင်တာက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းမှာ အကူအညီရမှာဖြစ်သလို နိုင်ငံတည်ငြိမ်ရေးအတွက်လည်း အကူအညီရမယ်လို့ ပြောခဲ့ပါတယ်။ မူးယစ်ဆေးဝါးအတွက်လည်း အရေးယူဖို့အတွက် ရဲအင်အားသိပ်မများဘူးလို့ ပြောခဲ့ပြီး တစ်နေ့ထက်တစ်နေ့ တိုးတက်အောင်လုပ်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။