တနသာၤရီမြို့မှာ ရေစကြီးတာဟာဆိုရင် ဇူလိုင်လ ၁၅ ရက်နေ့ကတည်းက ဖြစ်ပြီးတော့ ရေတက်လိုက် ကျလိုက်ဖြစ်ပြီး ခုဆိုရင် တတိယအကြိမ်ရေပြန်ကြီးနေတာကြောင့် ဒေသခံတွေအနေနဲ့ စားဝတ်နေရေး၊ ပစ္စည်းရွှေ့ပြောင်းမှုတွေကအစ အခက်အခဲဖြစ်နေပါတယ်။
Photo - ဖိုးထူး
"ရေကြီးတာက လလောက်ရှိပြီဆိုတော့ စားရေးသောက်ရေးအခက်အခဲတွေရှိလာပြီ အလှူရှင်တွေလည်းမရှိတော့တာကြာပြီ။ ဘယ်လိုလုပ်ရမလဲမသိဘူး။ ရေကြီးနေတော့ ဘယ်လိုမှ အစားအသောက်တွေမစီစဉ်နိုင်တော့ဘူးလေ။"လို့ တနင်္သာရီမြို့ခံ ကိုဇော်မိုးမြင့်က Duwun ကိုပြောပါတယ်။
ဒါ့အပြင် တနသာၤရီမြစ်ရေ က စိုးရိမ်ရေမှတ်ကျော်နေတာကြောင့် တာရိုးကျိုးပေါက်နိုင်တယ်ဆိုပြီးတော့ မြို့ရဲ့ ရေထိန်းတံခါးကို ဖွင့်ချခဲ့တယ်လို့ လည်း သိရပါတယ်။ အဲ့လို ဖွင့်ချခဲ့တာကြောင့်လည်း မြို့ထဲမှာမြစ်ရေဝင်ရောက်နေပြီး အနိမ့်ပိုင်းက အိမ်တွေ ရေနစ်မြုပ်နိုင်တယ်လို့ သိရပါတယ်။
Photo - ဖိုးထူး
လက်ရှိမှာ ရေနစ်မြုပ်နေတဲ့၊ နစ်မြုပ်နိုင်တဲ့ မြို့ပေါ်က နေရာတွေမှာ ကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ်ပြောင်းရွှေ့ပေးနေရတယ်လို့လည်း သိရပါတယ်။ ရေဘေးကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာ လူပေါင်း ၁၀၀၀ ခန့်ခိုလှုံနေရပြီး လူပေါင်း ၂ သောင်းကျော်ရေဘေးကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ တနင်္သာရီ်အပြင် ကရင်ပြည်နယ်မှာလဲ မြစ်ရေဟာ စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေဆဲဖြစ်နေပြီး မြန်မာပြည်တောင်ပိုင်းဒေသတွေအတွက် ဆယ်စုနှစ်မှာ အဆိုးဆုံးရေကြီးမှုဖြစ်နေပါတယ်။