တနင်္သာရီတိုင်းဒေသကြီးမှာ ပိုးတွေ့လူနာ တစ်ဦးစတင်တွေ့ရှိထားပါပြီ။

အစိုးရအဖွဲ့အနေနဲ့ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေ၊ နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်ကို ဖောက်ဖျက်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ တို့ နဲ့တရားစွဲဆိုလို့ရပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမှာရှိတဲ့ ကွာရန်တင်းနေရာတစ်ခုကနေ ထွက်ပြေးသွားတဲ့ စောင့်ကြည့်လူနာ ၅ဦးကို ပြန်လည်ဖမ်းဆီးရမိပြီဖြစ်ပြီး တရားစွဲဆိုသွားမယ်လို့ တနင်္သာရီ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက Duwunကိုပြောပါတယ်။



ထွက်ပြေးသွားသူ ၅ဦးရဲ့ ရည်ရွယ်ချက်က ထိုင်းဖက်ကနေ တရားမဝင်နည်းလမ်းနဲ့ပြန်လာဖို့ ကြိုးပမ်းနေတဲ့ မိသား စုတွေကို သွားကြိုဖို့ ကြိုးစားချင်တဲ့အတွက်ထွက်ပြေးတာလို့လည်း သိရပါတယ်။

“သူတို့ထွက်ပြေးတာကတော့ အဓိကကတော့ ကွာရန်တင်းမနေချင်တာရယ်၊တရားမဝင်နည်းလမ်းနဲ့ပြန်လာဖို့ ကြိုးပမ်းနေတဲ့မိသားစုကိုသွားခေါ်ချင်တာရယ်ကြောင့်လို့ သိရပါတယ်။သူတို့ကိုတော့ အစိုးရအဖွဲ့အနေနဲ့ ကူးစ က်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေ၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈တို့နဲ့တရားစွဲဆိုလို့ရပါတယ်။”လို့ ဝန်ကြီး ဦးကျော်မင်းက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် ရနောင်းဖက်က ပြန်ဝင်လာသူတွေကို တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းဖက်မှာ ကွာရန်တင်းထားရှိထားပြီး လက်ရှိမှာတော့ ထွက်ပြေးသူ ၅ဦးကို သီးသန့်ကွာရန်တင်းထားကာ လုံခြုံရေး နဲ့စောင့်ကြည့်ထားတယ်လို့လည်းသိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာလည်း ပိုးတွေ့လူနာတစ်ဦးစတင်တွေ့ရှိထားပြီ ဖြစ်ပြီး အဆိုပါ လူနာကတော့ နိုင်ငံ တော်အစိုးရအစီအစဥ်နဲ့ မလေးရှားနိုင်ငံက ပြန်ရောက်လာတဲ့သူဖြစ်ပြီး လောင်းလုံမှာကွာရန်တင်းဝင်နေစဥ် ရောဂါပိုးတွေ့ရှိရတဲ့တနင်္သာရီမြို့နယ်နေသူတစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က