ဒီဇင်ဘာ ၂၈ ရက်နေ့ နေ့လည် ၁ နာရီလောက်က ရတနာပုုံတက္ကသိုုလ်ကျောင်းသားသမဂ္ဂရုုံးခန်းကိုု ကျောင်းအာဏာပိုုင်များက ဝင်ရောက်စီးနင်းပြီး ကျောင်းသားသမဂ္ဂက ကျောင်းသား ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျာင်းသားသမဂ္ဂကသိရပါတယ်။
Photo - ရတနာပုုံတက္ကသိုုလ်ကျောင်းသားသမဂ္ဂ facebook
ကျောင်းသာ သမဂ္ဂခေါင်းဆောင်တွေဖြစ်တဲ့ ကိုကျော်သီဟရဲကျော် ကိုရဲမင်းထွန်း ကိုရဲမျိုးဆွေ တို့ ၃ ဦးကိုု ရဲတပ်ဖွဲ့က မန္တလေးမြို့ အမှတ် ၁၀ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျာင်းသားသမဂ္ဂက တရားဝင်သတင်းထုတ်ပြန်ပါတယ်။
ရတနာပုံတက္ကသိုလ်ကျောင်းသား တစ်ယောက် အသတ်ခံရပြီးနောက် တက္ကသိုုလ်တွေမှာ လုံခြုံရေးတိုးမြှင့်ပေးဖို့ ကျောင်းသားတွေက တောင်းဆိုခဲ့ပေမယ့် လုပ်ဆောင်မပေးတာကြောင့် ဆန့်ကျင်တဲ့ အနေနဲ့ အာဏာပိုုင်တွေရဲ့ အသုုဘအခမ်းအနားတစ်ရပ်ကိုကျင်းပဖို့ ကြေညာထားတာကြောင့် ဖမ်းဆီးတာဖြစ်တယ်လို့ကနဦးသိရပါတယ်။
ကျောင်းလုံခြုံရေးကျိုးပေါက်မှုတွေရှိနေပြီး ကျောင်းသားတစ်ယောက် အသက်ဆုံးရှုံးရတဲ့ အတွက် မန္တလေးတိုုင်းအစိုုးရအဖွဲ့ကဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ လုုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုုလ်မှူးကြီးကျော်ကျော်မင်း၊ ပြည်ထဲရေးဝန်ကြီး ဒုုတိယဗိုုလ်ချုပ်ကြီးကျော်ဆွေ၊ ရတနာပုုံတက္ကသိုုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုုင်တိုု့ကိုု ရည်စူးပြီး အသုဘ အစီအစဉ် ကျင်းပဖို့ ရည်ရွယ်ထားတယ်လို့ ရတနာပုုံတက္ကသိုုလ်ကျောင်းသားသမဂ္ဂက ကြေညာချက်မှာဖော်ပြထားပါတယ်။