ကျောင်းသား ၂ယောက်နဲ့ သူတို့သူငယ်ချင်းတစ်ယောက်ဖြစ်ပါတယါ။

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စင်ရပ်ကွက်က အိမ်တစ်အိမ်ကိုရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ ရတနာပုံတက္ကသိုလ် ဘူမိဗေဒကျောင်းသား ၂ ယောက်နဲ့ သူတို့ရဲ့သူငယ်ချင်းတစ်ယောက်ဆီကနေ ကျပ်သိန်း ၅၀ တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။



photo - Mandalay Police FB

"ဖမ်းမိတာက ဘူမိဗေဒကျောင်းသား ၂ ယောက်နဲ့ အခြားတစ်ယောက်ပါ။ ခုတော့ ချုပ်ရက် ယမန်ယူပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။"လို့ မန္တလေး အမှတ် ၉ မြို့မရဲ့စခန်းက ရဲအရာရှိက Duwun ကိုပြောပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၉ နာရီလောက်က မဟာနွယ်စဉ်ရပ်၊ ၃၈ လမ်း၊ ၇၂လမ်းနဲ့ ၇၃ လမ်းကြားက နေအိမ်တစ်ခုရဲ့အပေါ်ထပ် အနောက်ခန်းအတွင်းမှ ာရတနာပုံတက္ကသိုလ် ဘူမိဗေဒ နောက်ဆုံးနှစ်ကျောင်းသား ပြည့်စုံသန့်(ခ)သတိုး၊ မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေတဲ့ စိုင်းကျော်သန်း(ခ)ကျော်သန်းနဲ့ နေအိမ်ရှေ့ခန်းမှာ ရတနာပုံတက္ကသိုလ် ဘူမိဗေဒ တတိယနှစ်ကျောင်းသား သက်ခိုင်တို့ကို မူးယစ်ဆေးဝါးတွေနဲ့ အတူဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းမိတဲ့မူးယစ်ဆေးတွေကတော့ နေအိမ်အနောက်ခန်း အိပ်ယာပေါ်မှ WY ဆေးပြား ၇၃ ပြားနဲ့ အိပ်ရာခြေရင်းရှိ ဘီရိုအတွင်းကနေ ရောင်စုံဆပ်ပြာခွက် ၆ ခွက်နဲ့ထည့်ထားတဲ့ ဘိန်းဖြူ အလေးချိန် ၆၆ ဂရမ် စုစုပေါင်းတန်းဖိုး ကျပ်ငွေ သိန်း ၅၀ တန်ဖိုးရှိမူးယစ်ဆေးတွေကို ဖမ်းဆီးရမိခဲ့တာပါ။

အမှုနဲ့ပတ်သက်ပြီး ပြည့်စုံသန့်(ခ)သတိုး၊ စိုင်းကျော်သန်း(ခ)ကျော်သန်းနဲ့ သက်ခိုင်တို့ကို မူးယစ်ရဲတပ်ဖွ့ဲကတရားလိုပြုလုပ်တိုင်တန်းခဲ့ပြီး အမှတ်(၉)မြို့မရဲစခန်းက မယ(ပ)၅/၂၀၁၉၊ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က