မို့မို့မြင့်အောင်နဲ့ ပပဝင်းခင်တို့က မင်္ဂလာဆုတောင်းစကားဆိုထားပါတယ်။

သူထူးစံနဲ့ ထိုက်ဆုဝင်းတို့အတွက် မင်္ဂလာဆုတောင်း စကားတွေကို အကယ်ဒမီများရှင် မို့မို့မြင့်အောင်နဲ့ သရုပ်ဆောင် ပပဝင်းခင်တို့က ပြောပြထားပါတယ်။ အဲဒီနောက် တခြားအနုပညာရှင်တွေလည်း တက်ရောက်ခဲ့ကြပါသေးတယ်။

သရုပ်ဆောင် သူထူးစံနဲ့ မော်ဒယ် ထိုက်ဆုဝင်း တို့ရဲ့ ရန်ကုန်မှာ ပြုလုပ်တဲ့ မင်္ဂလာဧည့်ခံပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၁ နာရီက နိုဗိုတယ် ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အနုပညာအသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမ စုံစုံလင်လင် တက်ရောက်လာကြတာကိုလည်း တွေ့ရပါတယ်။ ဒီမင်္ဂလာပွဲကိုတော့ မြန်မာ့ရိုးရာ မင်္ဂလာပွဲလို့ ခေါင်းစဉ်တပ်ထားတာဖြစ်ပြီး ရတနာပုံခေတ်က မင်္ဂလာဆောင်ပုံစံမျိုး ပြင်ဆင်ထားတာဖြစ်ကြောင်း သူထူးစံက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။



သူထူးစံနဲ့ ထိုက်ဆုဝင်း တို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်လာတဲ့ အကယ်ဒမီမို့မို့မြင့်အောင်ကလည်း ဇနီးမောင်နှံ နှစ်ယောက်အတွက် ဝမ်းသာပီတိဖြစ်မိတယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာဇနီးမောင်နှံ နှစ်ယောက်အတွက် မုဒိတာ စကားကိုလည်း ပြောကြားခဲ့တာ တွေ့ရပါတယ်။

‘’ မို့ရဲ့ သားအရင်းလို ချစ်ခဲ့ရတဲ့ တပည့်လေးပါ။ မို့ သားလေးက မိကောင်းဖခင် သမီးလေးကို ရလိုက်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ သူ့ကို မိန်းမဆိုးတွေနဲ့ရသွားမှာကြောက်တယ်။ သူထူးစံက အင်မတန် ရိုးအပါတယ်။ ဒါကြောင့် သူ့ထက် ရိုးသားတဲ့ သတို့သမီးလေး ရတဲ့အတွက် အင်မတန် ဝမ်းသာပါတယ်’’ လို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က သူထူးစံရဲ့ မင်္ဂလာပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

သူထူးစံနဲ့ အတူ ဇာတ်ကားတော်တော်များများ ရိုက်ကူးခဲ့ရဖူးတဲ့ သရုပ်ဆောင် ပပဝင်းခင် ကလည်း သူထူးစံနဲ့ ထိုက်ဆုဝင်း တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို တက်ရောက်လာခဲ့ပါတယ်။ မင်္ဂလာမောင်နှံအတွက် ဆုတောင်းစကားကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’ဝမ်းသာပါတယ်။ အစ်ကိုနဲ့ အစ်မနဲ့ အခုလို မင်္ဂလာဆောင်ကြပြီဆိုတာ။ ပပက Sky Net သင်္ကြန် နေပြည်တော်မှာကတည်းက သိနေတာ။ အစ်ကိုကလည်း အဲဒီတုန်းကတည်းက မိတ်ဆက်ပေးခဲ့တာ။ အစ်ကိုက အလုပ်အရမ်းကြိုးစားတဲ့သူတစ်ယောက်ပါ။ ကိုယ့်အစ်ကို အခုလိုမျိုး ကောင်မလေး ချောချောလေးနဲ့ ရပြီဆိုတော့ ဝမ်းသာပါတယ်’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

သူထူးစံနဲ့ ထိုက်စုဝင်း တို့ရဲ့ မင်္ဂလာပွဲမှာ မင်္ဂလာအခမ်းအနားမှူးအဖြစ် သရုပ်ဆောင် ဟိန်းဝေယံက ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ နောက်ထပ်လည်း သရုပ်ဆောင် ယွန်းယွန်း၊ ဝင့်ယမုံလှိုင်နဲ့ မေမြင့်မိုရ် တို့က မင်္ဂလာပန်းကုံး၊ မင်္ဂလာ လက်စွပ်တို့ကို ကိုင်ဆောင်ပေးခဲ့ကြတာကို တွေ့ရပါတယ်။

အဲဒီနောက် သူတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာဦးဆွမ်းကပ်အလှူကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ(၉) ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တာပါ။ မနက်ကပိုင်းမှာ ငွေတောင်တောရ စာသင်တိုက်မှာ နှစ်ဖက်မိဘများနဲ့အတူ မင်္ဂလာဦး ဆွမ်းကပ်ခဲ့သလို ညနေပိုင်းမှာလည်း မဟာဗောဓိကျောင်းတိုက်၊ ပရဟိတ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ မင်္ဂလာဦးအလှူပြုလုပ်ခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က