လူ ၄ ယောက်က လုယက်သတ်ဖြတ်ခဲ့တာလို့ဆိုပါတယ်။

ရတနာပုံတက္ကသိုလ် အနီး ကန်ပတ်လမ်းမှာ ကုန်ထုတ်ဓာတုဗေဒနောက်ဆုံးနှစ်ကျောင်းသားတစ်ဦး လုယက်ဓားထိုးခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသား သမဂ္ဂကနေသိရပါတယ်။



Photo - ရတနာပုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ

ဒီဇင်ဘာလ ၂၅ရက်နေ့ည ၇နာရီလောက်က အမရပူရမြို့နယ်၊ရတနာပုံတက္ကသိုလ်၊ကုန်ထုတ်ဓာတုဗေဒနောက်ဆုံးနှစ်ကျောင်းသားမောင်စိုးမိုးဟိန်းကို အမည်မသိလူတစ်စုက ပိုက်ဆံအိတ်လုယက်ပြီး ဓားနဲ့ထိုးမှုဖြစ်ခဲ့ပါတယ်။

မောင်စိုးမိုးဟိန်းကို ဓားဒဏ်ရာနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို တက်ရောက်ကုသနေစဉ်မှာ ည(၁၀)နာရီအချိန်လောက်က သေဆုံးသွားတယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဌ ကိုကျော်သီဟရဲကျော်က Duwun ကိုပြောပါတယ်။

"လုယက်ပြီး ဓါးနဲ့ ထိုးတဲ့သူတွေက ဆိုင်ကယ် ၂ စီးနဲ့ လာတာ လူ ၄ယောက်လို့သိရပါတယ်။ ခုချိန်ထိတော့ တရားခံတွေကို ဖမ်းမိတာမရှိသေးဘူး။"လို့ ကိုကျော်သီဟရဲကျော်ကပြောပါတယ်။

ခုလို သေဆုံးမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အမရပူရ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့သိရပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ တက္ကသိုလ်ပတ်ဝန်းကျင်လုံခြုံမှုမရှိတာကြောင့် ဖြစ်ပွားရတာ ဖြစ်ပြီး ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေနဲ့ ကျောင်းလုံခြုံရေးတိုးမြှင့်ပေးဖို့ တောင်းဆိုမှုတွေပြုလုပ်ခဲ့ပေမယ့် တိုင်းဒေသကြီးအစိုးရက မလုပ်ပေးခဲ့ဘူးလို့လည်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က