ကျန်တဲ့သူတွေကို ထောင်ဒဏ်အသီးသီးချလိုက်ပါတယ်။
ဆိုင်ကယ်လုခံရပြီး ရိုက်နှက်ခံရလို့ သေဆုံးသွားခဲ့တဲ့ ရတနာပုံ ဆိုက်ဘာစီးတီး ကျောင်းသားရဲ့အမှုမှာ ပါဝင်ခဲ့တဲ့ တရားခံတစ်ဦးကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့နဲ့ ထောင်ဒဏ် ၁၀ နှစ်ကျခံစေဖို့ ပြင်ဦးလွင်ခရိုင်တရားရုံးကနေ ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က အမိန့်ချလိုက်ပါတယ်။
Photo - University of Technology - Yatanarpon Cyber City Students' Union

ကျူးလွန်သူ တရားခံတွေထဲက အဓိက တရားခံဖြစ်တဲ့ မှုံကြီး(ခ) ပြည့်စုံအောင်ကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့နဲ့ နောက်ထပ် ထောင်ဒဏ် ၁၀ နှစ်ကျခံဖို့ အမိန့်ချခဲ့တာဖြစ်ပြီး ဖမ်းမိထားတဲ့ တရားခံတွေထဲက ကျန် ၃ ဦးကိုတော့ ထောင်ဒဏ် နှစ် ၂၀၊ ၁၀ နှစ်နဲ့ ၇ နှစ်စီ အသီးသီး ပြစ်ဒဏ်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။



"တရားခံက ၄ ယောက်ပဲမိသေးတာပါ။ တစ်ယောက်က လွတ်နေဆဲပေါ့။ ဒီနေ့ကတော့ မိတဲ့သူတွေကို အမိန့်ချတာပါ။ အဓိက တရားခံထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်ပါလာတော့ သူကတော့ ၇ နှစ်ပဲကျသွားတာပေါ့။ တစ်ယောက်က လွတ်နေဆဲဆိုတော့ နည်းနည်းတော့ စီရင်ချက်ချတဲ့အခါ ထိခိုက်မိရှိတာပေါ့။"လို့ ရတနာပုံဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ဥက္ကဌ ကိုခွန်နိုင်ပြည့်ထွန်းက Duwun ကို ပြောပါတယ်။

ရတနာပုံဆိုက်ဘာစီးတီးမှ ဒုတိယနှစ်ကျောင်းသား ထက်လင်းသန့်ဟာ ဒီဇင်ဘာ ၆ ရက် ညနေ ၃ နာရီလောက်က ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာက သူ့ရဲ့ချစ်သူဖြစ်တဲ့ မဇူးဇူးဟန်ကိုနဲ့အတူ ရတနာပုံမြို့သစ်အိမ်ရာအတွင်းရှိ View Star စားသောက်ဆိုင်မှာ မုန့်စားပြီးအပြန် မြို့သစ်မီးသတ်စခန်းနားမှာ ဆိုင်ကယ်အလုခံရပြီး ရိုက်နက်သတ်ဖြတ်ခံခဲ့ရကာ သေဆုံးသွားခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ဖမ်းမိထားတဲ့ကျူးလွန်သူ ၄ ယောက်ကို ဇန်နဝါရီ ၇ ရက်နေ့က စွဲချက်တင်ပြီး ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ အမိန့်ချခဲ့တာပဲဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က