စိုင်းစိုင်းနဲ့ ပထမဆုံးတွေ့ဆုံမှုကို ပြောပြလာပါတယ်။

G-Fatt က ၇ တန်းအရွယ်ကတည်းက စိုင်းစိုင်းခမ်းလှိုင်ကို အားပေးခဲ့တဲ့ အမှတ်တရတွေ ပြောပြခဲ့ပါတယ်။ စိုင်းစိုင်းနဲ့ ပထမဆုံး တွေ့ဆုံမှုကလည်း သူ့အတွက် အပျော်ဆုံးအချိန်ဖြစ်ခဲ့ပါတယ်တဲ့။

အဆိုတော် G-Fatt က သူ ငယ်ငယ်လေးကတည်းက အရမ်းအားပေးခဲ့ရတဲ့ အဆိုတော်တွေထဲမှာ စိုင်းစိုင်းခမ်းလှိုင်ကလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်တဲ့။ စိုင်းစိုင်းကို ၇ တန်းအရွယ်ကတည်းက အားပေးခဲ့တာပါလို့ မီဒီယာတွေရှေ့မှာ ပြောပြခဲ့ပါတယ်။


‘’ကျွန်တော် ၇ တန်းပေါ့။ ကလေးလေးပဲရှိသေးတယ်။ သုဝဏ္ဏကွင်းအရှေ့က စကိတ်ကွင်းတစ်ခုရှိတယ်။ အဲဒီမှာ Hip Hop Crazy ဆိုပြီးတော့ Rapper တွေ အများကြီး Show ပွဲလေးတစ်ခု လုပ်ကြတယ်။ ကျွန်တော်က ၇ တန်းပဲရှိသေးတော့ လွယ်အိတ်လေးလွယ်ပြီး ဦးလေးနဲ့ အတူတူသွားကြည့်တာ အဲဒီမှာ စိုင်းစိုင်းလာ တယ်ဆိုပြီးတော့ ဘေးက လူတွေက ပြောတာ အရှေ့ကလူတွေကတော့ ဆိုနေတာပေါ့နော်။ ’’ ဆိုပြီးတော့ မေလ ၆ ရက်နေ့က မန္တလေးမှာလုပ်မယ့် Sai Sai Show အတွက် စာနယ်ဇင်းပွဲမှာ ဖြေဆိုခဲ့တာပါ။


အဲဒီနောက် သူ့ရဲ့ ကျောပေါ်မှာ စိုင်းစိုင်း ထိုးပေးခဲ့တဲ့ လက်မှတ်လေးကြောင့်လည်း အရမ်းကိုပျော်ရွှင်ခဲ့ရတယ်လို့ G-Fatt က ပြောပါတယ်။

‘’ အဲဒီမှာ စိုင်းစိုင်းခမ်းလှိုင် လာတယ်ဆိုပြီးတော့ ကျွန်တော် ကြည့်လိုက်တယ်။ စတိတ်စင်ရဲ့ အနောက်မှာ ဦးထုတ်လေး ဆောင်းပြီးတော့ နေနေတာ။ ကျွန်တော် လှမ်းမြင်လိုက်တော့ ကျွန်တော် လက်မှတ်ထိုးချင်တာ သူ့ဆီကို ပြေးသွားပြီး အစ်ကို လက်မှတ်ထိုးပေးပါဆိုပြီးတော့ ကျောလေးလှည့်ပေးလိုက်တယ်။ သူ လက်မှတ်ထိုးပေးပါတယ်။ ဒါ ကျွန်တော့်အတွက် အမှတ်တရပဲ’’ လို့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။


Photo: RBV

အခုဆိုရင်တော့ G-Fatt က စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ သီချင်းတွေ အတူတူဆိုနေတာကို တွေ့ရပါတယ်။ အဲဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Frenzo Production နဲ့ အတူ ဂီတအလုပ်တွေ လုပ်ဆောင်နေတာပါ။ လက်ရှိမှာတော့ စိုင်းစိုင်းနဲ့ G-Fatt တို့ပါဝင်သီဆိုထားတဲ့ ‘’ ငါ့ရည်းစားက ပိုမိုက်တယ်’’ သီချင်းလေးကလည်း အရမ်းကို အောင်မြင်နေတာ တွေ့ရပါတယ်။ ‘’ငါ့ရည်းစားက ပိုမိုက်တယ်’’ သီချင်းကိုတော့ စိုင်းစိုင်း၊ ဘန်နီဖြိုး၊ John၊ Ki Ki Kyaw Zaw ၊ Snare နဲ့ G-Fatt တို့က ပါဝင်သီဆိုထားကြတာပါ။ ဒီ သီချင်းထဲမှာတော့ G-Fatt က သူ့ရဲ့ ချစ်သူ ကပြားမလေးလို့ တင်စားသီဆိုထားတာဖြစ်ပါတယ်။

Photo: Sai Sai

G-Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G-Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။

Share

Loading Next Article...
က္က