ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းမှာ အီကာဒီက အာဂျင်တီးနားမော်လ်ဒယ်တစ်ဦးနဲ့ ဇာတ်လမ်းစနေတယ်လို့ ဝမ်ဒါနာရာက စွပ်စွဲပြီး အိမ်ထောင်ရေးကို အဆုံးသတ်ဖို့အထိပါ ဖြစ်ခဲ့ပါတယ်။
ပီအက်စ်ဂျီတိုက်စစ်မှူးအီကာဒီကတော့ အဆင်မပြေဖြစ်နေတဲ့ အိမ်ထောင်ရေးကို အဆင်ပြေစေဖို့အတွက် သူပိုင်ဆိုင်သမျှအရာအားလုံးကို ဇနီးသည်ဖြစ်သူ ဝမ်ဒါနာရာကို ၂၀၅၀ ခုနှစ်အထိ ပေးဖို့အတွက် သဘောတူလိုက်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းမှာ အီကာဒီက အာဂျင်တီးနားမော်လ်ဒယ်တစ်ဦးနဲ့ ဇာတ်လမ်းစနေတယ်လို့ ဝမ်ဒါနာရာက စွပ်စွဲပြီး အိမ်ထောင်ရေးကို အဆုံးသတ်ဖို့အထိပါ ဖြစ်ခဲ့ပါတယ်။
လူမှုကွန်ရက်ပေါ်က သူတို့နှစ်ဦးရဲ့ ဓာတ်ပုံတွေအားလုံးကို ဝမ်ဒါနာရာက ဖယ်ရှားပစ်ခဲ့သလို ခင်ပွန်းဟောင်းမက်ဆီလိုပက်ဇ်နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုပါ အရွဲ့တိုက်ပြီး ပြန်ဖော်ပြလာခဲ့ပါတယ်။ ပီအက်စ်ဂျီမှာ ပုံမှန်ကစားခွင့်မရသလို ဂိုးပေါက်ပါပျောက်နေတဲ့ အီကာဒီတစ်ယောက် လူမှုဘ၀မှာပါ ဂိုးပေါက်ပျောက်တော့မယ့်အရေးနဲ့ ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးမှာ ကြီးမားတဲ့သဘောတူညီချက်နဲ့ အိမ်ထောင်ရေးတည်မြဲဖို့ လုပ်ဆောင်ခဲ့ရပါတယ်။
မက်ဆီလိုပက်ဇ်နဲ့အတူ ဆမ်ဒိုရီးယားမှာ အသင်းဖော်တွေအဖြစ် ကစားနေစဉ်မှာ အိမ်လိုက်လည်ရာကနေ ဝမ်ဒါနာရာနဲ့ ချစ်ကြိုးသွယ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီနောက်မှာ မက်ဆီလိုပက်ဇ်နဲ့ ဝမ်ဒါနာရာတို့ ကွာရှင်းခဲ့ကြပြီး အီကာဒီနဲ့ လက်တွဲခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ တနေ့ကို ၁၂ ကြိမ်လောက်အထိ ချစ်ရေးချစ်ရာဇာတ်လမ်းခင်းကြတယ်လို့ ပြောဆိုခဲ့ဖူးလို့လည်း ပရိသတ်တွေကြား ပါးစပ်အဟောင်းသားဖြစ်ခဲ့ရပါသေးတယ်။
အခုအခါမှာတော့ အီကာဒီတစ်ယောက်အလျှော့ပေးခဲ့ရပြီး ပိုင်ဆိုင်သမျှအားလုံးကို ဝမ်ဒါနာရာကို ပေးထားတယ်လို့ စာချုပ်ပါချုပ်ဆိုခဲ့ရပါတယ်။ ဒါဟာ ကွင်းပြင်ပက ချစ်မှုရေးရာမှာ ဆန္ဒရှိတိုင်းဖြည့်ဆည်းပေးနိုင်တဲ့ ဇနီးသည်ကို မစွန့်လွှတ်နိုင်လို့ဆိုတဲ့ ဝေဖန်မှုတွေလည်းရှိလာခဲ့ပါတယ်။