ဒါဘီပွဲရှုံးအပြီး ညည်းတွားပြောဆိုခဲ့တာပါ။

မန်ချက်စတာဒါဘီမှာ မန်စီးတီးကို ၄-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ယူနိူက်တက်အတွက် တကယ်ကစားပေးခဲ့သူက တဦးတည်းသာရှိခဲ့ပါတယ်။ အဲဒ်ိသူကတော့ ဂိုးသမားဒီဂီယာပါ။ ကျန်ကစားသမားတွေဟာ ပွဲချိန်တွင်း ခြေစွမ်းမပြနိုင်ခဲ့သလို စိတ်ဓာတ်ပိုင်းပါ ချွတ်ခြုံကျနေတဲ့အထိ ဖြစ်ခဲ့ပြီး ချေပဂိုးတဂိုးသွင်းပေးခဲ့တဲ့ ဆန်ချိုရဲ့ ကန်ချက်လောက်ပဲ ချီးကျူးချင်စရာရှိပါတယ်။


ခံစစ်ကစားသမားတွေရဲ့ ညံ့ဖျင်းမှုတွေကြောင့် ဒီဂီယာက တရာသီလုံးအခက်တွေ့နေခဲ့ရပြီး ပုံမှန်ထက်အားစိုက်နေခဲ့ရပါတယ်။ မနေ့ကပွဲမှာလည်း ဒုတိယာဂိုးပေးလိုက်ရချိန် တော်တော်လေးပေါက်ကွဲခဲ့ပြီး ဘောလုံးကို ပြင်းပြင်းထန်ထန်ကန်ပစ်ခဲ့တဲ့အထိ ဖြစ်ခဲ့ကာ ခံစစ်ပိုင်းက သူ့ကို မကာကွယ်ပေးနိုင်ခဲ့တာတွေအပေါ် တုံ့ပြန်ခဲ့ပါတယ်။


ပွဲအပြီးမှာတော့ သူ့ရဲ့လူမှုကွန်ယက်ကတဆင့် ဒီဂီယာက " တနေ့တော့ ကျနော်တို့နဲ့ ထိုက်တန်တဲ့ နေရာကိုပြန်ရောက်မှာပါ၊ ဒီနေ့ကတော့ ခက်ခဲတဲ့ဘောလုံးရာသီအတွင်း နောက်ထပ်ဆိုးရွားတဲ့အခိုက်အတန့်ပါပဲ၊ ဒါပေမယ့် ဒီအသင်းဂျာစီဝတ်ဆင်နေသရွေ့တော့ ကျနော်တို့လက်မြှောက်အရှုံးပေးနေမှာမဟုတ်ပါဘူး" လို့ ရေးသားပြောဆိုသွားခဲ့ပါတယ်။


ယူနိုက်တက်ကတော့ ဒါဘီပွဲမှာ ၄-၁ နဲ့အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ ပိုမိုဝေးကွာလာပြီဖြစ်ပါတယ်။ နည်းပြရန်းဂ်နစ်ခ်လက်ထက် အဆိုးရွားဆုံးရှုံးပွဲဖြစ်ခဲ့ရသလို ကစားငမားတွေရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းက ဘယ်လိုအခြေအနေရောက်နေလဲဆိုတာကိုပါ အထင်းသားမြင်တွေ့ခဲ့ရပြီး ပရိသတ်တွေကိုပါ တော်တော်လေးစိတ်ပျက်စေခဲ့ပါတယ်။

Share

Loading Next Article...
က္က