Monday တိုင်းမှာ အလုပ်လုပ်ရတာ စိတ်မပါဘဲ Monday Blues ဝင်နေသူတိုင်းအတွက် အကြံပြုချက်လေးတွေပါ။ တနင်္လာနေ့တင်မကဘဲ ရုံးတက်ရက်တိုင်းမှာ လန်းဆန်းတက်ကြွနေစေဖို့ ဒါလေးတွေ လုပ်ကြည့်ပါနော်။
(၁) Sunday Chill Day
တနင်္ဂနွေနေ့မှာ အရေးကြီးကိစ္စသွားစရာကလွဲရင် အပြင်မထွက်တော့ဘဲ အိမ်မှာ ကောင်းကောင်းအနား
ယူပါ။တနင်္ဂနွေညကတည်းက တင်္နလာနေ့ ရုံးသွားဖို့ အဝတ်အစား ကြိုတင်ပြင်ဆင်ထားပါ။ အိပ်ရာစောစောဝင်ပါ။
(၂)အိပ်ရာစောစောထပါ။
အိပ်ရာစောစောထလို့ အိပ်ရေးမဝတာထက် အိပ်ရာထနောက်ကျလို့ လူမလန်းတာက ပို စိတ်ညစ်ရပါတယ်။တစ်နေ့လုံး အလုပ်လုပ်ရတာ စိတ်မကြည်ဖြစ်နေရင် Monday Blue ထက်ဆိုးသွားပါလိမ့်မယ်။ အိပ်ရာစောစောထရင် လူကလန်းဆန်းနေမယ့် အပြင် ရုံးလည်း စောစော ရောက်တာပေါ့။
(၃) မနက်စာကောင်းကောင်းစားပါ။
ရုံးပြန်တတ်တဲ့ တင်္နလာနေ့မှာ အားအင်ပြည့်နေဖို့က အရေးကြီးဆုံးဟုတ်။ မနက်စာကို ကောင်းစွာ စားသုံးခြင်းက မှတ်ဉာဏ်ကောင်းမွန်စေတဲ့အပြင် တစ်နေ့တာအတွက် အားအင်ပြည့်နေစေမှာပါ။
(၄) သီချင်းနားထောင်ပါ
ဂီတက လူကို ကုစားနိုင်တယ်ဆိုတာ လက်ခံရင်တော့ သီချင်းနားထောင်ဖို့ အကြံပေးချင်ပါတယ်။ ရုံးသွားရင်း ကားပေါ်မှာ Social Media သုံးနေမယ့်အစား စိတ်ကြည်လင်စေမယ့်၊ သင့်ကိုပျော်စေမယ့် သီချင်းတွေနားထောင်ပါ။ နားကြပ်ကောင်းကောင်းတစ်စုံဝယ်ထားပါ။
(၅) ပြုံးပါ။
ရုံးရောက်ပြီဆိုတာနဲ့ ထိုင်ခုံမှာပဲ သုန်သုန်မှုန်မှုန် ထိုင်နေမယ်ဆိုရင် လုပ်ဖော်ကိုင်ဖက်တွေက သင့်ကို မြင်ပြီး စိတ်ညစ်သွားနိုင်ပါတယ်။သုန်မှုန်မနေဘဲ ပြုံးပါ၊ နှုတ်ဆက်ပါ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ Coffee တူတူသောက်ရင်း စကားစမြည်ပြောပါ။အပြုံးတွေက ပျော်ရွှင်မှုရဲ့ အစပါ။
ကဲ ရုံးတက်ရက်တိုင်းမှာ စိတ်သွားတိုင်း ကိုယ်ပါနိုင်ကြပါစေနော်!!!