အက်စတွန်ဗီလာကို ချယ်လ်ဆီးက ၁-၃ နဲ့ အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ကွင်းလယ်လူဂျော်ဂျင်ဟိုက အသင်းအတွက် ပင်နယ်တီကတဆင့် ၂ ဂိုးသွင်းယူသွားခဲ့ပါတယ်။ ဒီအတွက်ကြောင့် ဂျော်ဂျင်ဟိုဟာ ဒီရာသီမှာ အသင်းအတွက် ပရီးမီးယားလိဂ်ဂိုး ၆ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီဖြစ်ကာ အဆိုပါဂိုးအားလုံးက ပင်နယ်တီကတဆင့် သွင်းယူခဲ့တာတွေဖြစ်ပါတယ်။
မနေ့က ရရှိခဲ့တဲ့ သွင်းဂိုး ၂ဂိုးကြောင့်လည်း သူက ပြက္ခဒိန်တနှစ်အတွင်းမှာ ပင်နယ်တီဂိုး ၁၀ ဂိုးအထိ ရရှိခဲ့တဲ့ ပထမဆုံးပရီးမီးယားလိဂ်ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ အရင်က ပြက္ခဒိန်တနှစ်အတွင်း ပင်နယ်တီသွင်းယူမှုအများဆုံးက ၉ ဂိုးသာဖြစ်ပြီး မတ်လီတစ်ဆီယာ နဲ့ စတီဗင်ဂျရတ်တို့ဖြစ်ကာ ဂျော်ဂျင်ဟိုက အဆိုပါကစားသမားတွေကို ကျော်ဖြတ်နိင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ချယ်လ်ဆီးကို နည်းပြတူချယ်လ်ရောက်ရှိလာပြီးနောက် ချယ်လ်ဆီးက ပရီးမီးယားလိဂ်မှာ ပင်နယ်တီကတဆင့် သွင်းဂိုး ၁၁ ဂိုးအထိ ရအောင်သွင်းယူနိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းက အခြားသောဘယ်အသင်းထက်မဆို ပိုမိုများပြားနေခဲ့တာဖြစ်ပြီး ဒီမှတ်တမ်းရယူနိုင်ဖို့အတွက်တော့ ဂျော်ဂျင်ဟိုက အခရာကျခဲ့ကာ အီတလီသားက ပင်နယ်တီကန်သွင်းရာမှာ ဆရာတဆူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။