တစက္ကန့်ကို မြန်မာငွေ တသောင်းခွဲအထိ သူက ရရှိနေမှာပါ။

ဆော်ဒီကလပ် အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့ပြီးနောက် ရော်နယ်ဒိုဟာ တနှစ်ကို ယူရိုသန်း ၂၀၀ အထိ လုပ်ခလစာခံစားရမှာဖြစ်ပါတယ်။ မြန်မာငွေနဲ့ တွက်ချက်မယ်ဆိုရင်တော့ ဒါဟာ ကျပ်သိန်းပေါင်း သိန်း ၄၅၀၀ နဲ့ ညီမျှတဲ့ ပမာဏလည်းဖြစ်ပါတယ်။ ဒါဟာ ဘောလုံးသမိုင်းမှာ လုပ်ခလစာအများဆုံးရတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုဟာ တစက္ကန့်အတွက်ကို လုပ်အားခ ယူရို ၆.၅ အထိ ရရှိနေတာလို့ တွက်ချက်မှုတွေအရ သိရပါတယ်။ 

တလလုပ်ခအနေနဲ့ ယူရို ၁၆.၆၇ သန်း၊ တပတ်လုပ်ခအဖြစ် ယူရို ၃.၉ သန်း၊ တရက်လုပ်အားခအဖြစ် ယူရို ၅ သိန်းခွဲ၊ တနာရီလုပ်ခ ယူရို ၂၃၀၀၀ နဲ့ တမိနစ်လုပ်ခ ယူရို ၃၈၆ အထိ ရော်နယ်ဒိုက ပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။ ၂နှစ်ခွဲစာချုပ်အတွက် စုစုပေါင်း ယူရို သန်း ၅၀၀ အထိ ရရှိမှာဖြစ်ကာ ဘောလုံးသမားတွေထဲမှာ သူက ဘီလျံနာတဦးအဖြစ်နဲ့ ရပ်တည်နိုင်တော့မှာလည်းဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဆော်ဒီက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ လျှောက်ထားမှုကိုလည်း ကူညီရမှာပါ။ ဆော်ဒီနဲ့ အပြိုင်ကြိုးစားနေတာကတော့ အီဂျစ်နဲ့ ဂရိတို့ဖြစ်ပြီး ဆော်ဒီက ရော်နယ်ဒိုရဲ့ ပုံရိပ်ကို အသုံးချကာ သံတမန်တဥိးအနေနဲ့ လုပ်ဆောင်ပေးဖို့လည်း ကမ်းလှမ်းထားပြီး အဆိုပါတာဝန်အတွက် သီးသန့်ငွေကြေးတွေရရှိဦးမယ်လို့လည်း သိရပါတယ်။ 

အယ်လ်နာဆာက ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ကို အတည်ပြုမကြေညာခင်မှာပဲ အသင်းပရိသတ်တွေဟာ အသင်းစတိုးဆိုင်ကနေ ရော်နယ်ဒိုနာမည်နဲ့ ကျောနံပါတ်ပါ ဂျာစီတွေကို မှာယူခဲ့ကြတယ်လို့လည်း သိရပါတယ်။ အဲဒီနောက် လူမှုကွန်ရက်ပေါ်မှာ ဖော်ပြမှုတွေရှိနေခဲ့ပြီး ကစားသမားရဲ့ အပြောင်းအရွှေ့မကြေညာခင်မှာပဲ ပရိသတ်တွေရဲ့ လုပ်ရပ်ကြောင့် ဒီသတင်းက စောစ​ောစီးစီး ထွက်ပေါ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

Share

Loading Next Article...
က္က