ဥရောပမှာပဲ ဆက်ကစားချင်တယ်လို့ ဆိုပါတယ်။

ရာသီကုန်မှာ ပဲလေ့စ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတောမ့ယ့် ဝီဖရိုက်ဇာဟာ,ဟာ ဆော်ဒီကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတ​ွေကို ငြင်းဆန်သွားဖို့ရှိနေပါတယ်။ ရော်နယ်ဒိုကစားနေတဲ့ အယ်လ်နာဆာအပါအဝင် အယ်လ်ဟီတီဟတ်ကလည်း ဇာဟာကို တနှစ်လုပ်ခ ပေါင် ၉ သန်းအထိ ပေးချေကာ ကမ်းလှမ်း်ထားတယ်လို့ သိရပြီး ကစားသမားဘက်ကတော့ ဥရောပမှာပဲ ဆက်ကစားဖို့ကို ဆုံးဖြတ်ချက်ချထားကြောင်း သိရပါတယ်။ 

အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့် ဇာဟာက ဆော်ဒီကလပ်တွေရဲ့ ထိပ်တန်းပစ်မှတ်အဖြစ်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။ ဇာဟာကတော့ သူ့အနာဂတ်ကို ရာသီကုန်မှသာ ဆုံးဖြတ်သွားဖို့ရှိနေပေမယ့် ဆော်ဒီကို ပြောင်းရွှေ့မှာတော့မဟုတ်ဘူးလို့ Evening Standard က ဖော်ပြခဲ့တာပါ။ သူဟာ ပဲလေ့စ်ရဲ့ တပတ်လုပ်ခ ပေါင် ၂သိန်းနဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကိုလည်း ပယ်ချထားသူဖြစ်ပါတယ်။ 

ဇာဟာက ချန်ပီယံလိဂ်မှာ ကစားချင်နေပြီး သူ့ရဲ့ ကစားသမားဘ၀မှာ ဥရောပရဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲတခုကို ဝင်ကစားချင်တဲ့ မှတ်တမ်းကို ရေးထိုးချင်နေတာလည်းဖြစ်ပါတယ်။ အေစီမီလန်နဲ့ ဒေါ့မွန်တို့ကလည်း သူ့ကို စိတ်ဝင်စားနေပြီး ပရီးမီးယားလိဂ်ကလပ်တွေကလည်း ပဲလေ့စ်နဲ့ ဇာဟာအခြေအနေကို စောင့်ကြည့်နေကြပါတယ်။ 

ဒီရာသီမှာ ဇာဟာက ပဲလေ့စ်အတွက် ၆ ဂိုးသွင်းကာ ၃ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ခြေစွမ်းမျိုးကိုတော့ မရရှိဘဲဖြစ်နေပါတယ်။ ယူနိုက်တက်ကစားသမားဟောင်းလည်းဖြစ်တဲ့ ဇာဟာက ပဲလေ့စ်ရဲ့ ဒီရာသီအခြေအနေအပေါ်မှာ စိတ်ပျက်နေခဲ့ပြီး လက်ရှိအချိန်ထိတော့ သူ့အနာဂတ်ကို ထုတ်ဖော်ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။ 

Share

Loading Next Article...
က္က