အေဘရာဟမ်+မေဆန်မောင့်အတွဲက အသင်းကြီးတွေထဲမှာ တန်ဖိုးအနည်းဆုံးဖြစ်နေခဲ့တာပါ။

ကစားသမားအပြောင်းအရွှေ့ပိတ်ပင်ခံထားရပေမယ့်ချဲလ်ဆီးအသင်းရဲ့တိုက်စစ်က လူငယ်အများစုနဲ့ အတူ အကောင်းဆုံးပုံစံရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် ၈ အပြီးတွင် သွင်းဂိုး ၁၈ဂိုးအထိရရှိထားတဲ့ ချဲလ်ဆီးအသင်းတိုက်စစ်အနေနဲ့ တ န်ဖိုးအနည်းဆုံးနဲ့အထက်မြတ်ဆုံးဖြစ်လာခဲ့ပြီလို့ premierleague.com ရဲ့ မှတ်တမ်းဖော်ပြချက်တွေ အရ သိရပါတယ်။

လက်ရှိမှာချဲလ်ဆီးအသင်းရဲ့တိုက်စစ်ကို လူငယ်တိုက်စစ်မှူးအေဘရာဟင်က အဓိကဦးဆောင်နေ တာဖြစ်ပြီး ပွဲစဉ် ၈အပြီးတွင် သွင်းဂိုး ၈ဂိုးအထိရရှိထားတာဖြစ်သလို အသင်းဖော်မေ ဆန်မောင့်နဲ့အတူ အသင်းရဲ့တိုက်စစ်မှာ ခြေစွမ်းပြကစားနေနိုင်တာလည်းဖြစ်ပါတယ်။



လက်ရှိကစားသမားတွေရဲ့ ပေါက်ဈေးကို တွက်ချက်ထားတဲ့ transfermarkt ရဲ့စစ်တမ်းအရ ချဲလ်ဆီး တိုက်စစ်အတွဲဖြစ်တဲ့ မေဆန်မောင့်နဲ့ အေဘရာဟင်တို့နှစ်ဦးပေါင်းရဲ့ ဈေးနှုန်းက ယူရို ၆၇သန်းသာရှိ နေခဲ့တဲ့အတွက် အခုလိုတန်ဖိုးအနည်းဆုံးနဲ့ အထက်မြတ်ဆုံးတိုက်စစ်ဖြစ်လာခဲ့တာပါ။

တိုက်စစ်အတွဲတွေထဲမှာ လီဗာပူးတိုက်စစ်က မာနေးလ်+ဆာလက်ဒ်အတွဲက ယူရိုသန်း ၂၇၀နဲ့တန်ဖိုး အမြင့်ဆုံးဖြစ်နေခဲ့ပြီး ဒုတိယနေရာ ဟာရီကိန်း+ဆွန်ဟောင်တို့ရဲ့ စပါးတိုက်စစ်အတွဲက ယူရိုသန်း၂၃၀ နဲ့ ရှိနေခဲ့ပြီး တတိယနေရာမှာ အဂူရို+စတာလင်းတို့ရဲ့ မန်စီးတီးတိုက်စစ်က ယူရို ၂၁၅သန်းရှိနေခဲ့ တာလည်းဖြစ်ပါတယ်။

 

မှတ်တမ်းတွေအရ ပွဲစဉ်-၈ အပြီးတွင် စတာလင်း+အဂူရိုတို့ရဲ့ မန်စီးတီးတိုက်စစ်က သွင်းဂိုး ၁၄ဂိုးနဲ့ အထက်မြတ်ဆုံးတိုက်စစ်အဖြစ်ရှိနေခဲ့တာဖြစ်ပြီး အေဘရာဟမ်+မေဆန်မောင့်တို့ ချဲလ်ဆီးတိုက်စစ်  အတွဲက ၁၂ဂိုးနဲ့ ဒုတိယ၊ အူဘာမီယန်+လာကာဇက်တို့ရဲ့ အာဆင်နယ်နဲ့ မာနေးလ်+ဆာလက်ဒ်တို့ ရဲ့ လီဗာပူးတိုက်စစ်အတွဲတို့က သွင်းဂိုး ၉ဂိုးဆီရရှိထားပြီး အစဉ်လိုက်ရပ်တည်နေခဲ့တာပါ။

Share

Loading Next Article...
က္က