TNLA က သူတို့ ဥပဒေနဲ့ တရားစီရင်မယ်လို့ပြောထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို ဟိုနောင်ရပ်ကွက်မှာ ကုန်မာဆိုင်ဖွင့်လှစ်ထားတဲ့ အမျိုးသမီးတစ်ဦးကို TNLA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် အဆိုပါအမျိုးသမီး ပြန်လွှတ်ပေးရေးကို မိသားစုဝင်တွေနဲ့ ဒေသခံတွေက စက်တင်ဘာ ၇ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

41283202_2064986560481511_4911012240724852736_n.jpg

Photo - Thaung Htun

 

အမျိုးသမီးရဲ့ မိသားစုဝင်များက ဦးဆောင်ပြီး နမ့်ခမ်းမြို့လယ်က လွတ်လပ်ရေး ကျောက်တိုင်ရှေ့ ပန်ပွဲကွင်းမှာ စက်တင်ဘာ ၇ ရက် မနက် ၉ နာရီကနေ ၁၀ နာရီအထိ “ အပြစ်မဲ့သော နန်းမိုဟွမ် အမြန်ပြန်လွှတ်မြောက်နိုင်လာရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသော အစိုးရအဖွဲ့အစည်းများမှ ထိရောက်စွာကူညီဆောင်ရွက်ပေးပါရန် “ အစရှိတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့သိရပါတယ်။

နမ့်ခမ်းမြို့က အသက်(၃၇)နှစ်အရွယ် ဒေါ်နန်းမိုဟွမ်ကို သြဂုတ်လ (၁၇) ရက် မနက်ပိုင်းက TNLA ဝတ်စုံဝတ်ထားတဲ့ အဖွဲ့ကနေအိမ်တွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး နေအိမ်က CCTVမှတ်တမ်းတွေလည်း ဖျက်ဆီးကာ Hard disk လည်း ယူဆောင် သွားခဲ့လို့ မိသားစုဝင်တွေကက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့တာဖြစ်ပါတယ်။

Photo - Thaung Htun

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး Duwun မီဒီယာက နမ့်ခမ်းမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ အခြေအနေ မသိရသေးကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒေါ်နမ်းမိုဟွမ် အဖမ်းခံရပြီးနောက် စက်တင်ဘာ ၃ ရက်နေ့မှာ TNLA အဖွဲ့မှ သတင်းထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ဒေါ်နန်းမိုဟွမ်က PSLF/TNLA ရဲ့ လုပ်ငန်းတာဝန်ကို နှောင့်ယှက်တာကြောင့် အရေးယူဖို့ ဖမ်းဆီးတာဖြစ်ပြီး စီရင်ချက်မယ့်နေ့မှာ ဒေါ်နန်းမိုဟွမ်ရဲ့ ဆွေမျိုးသားချင်းနှင့် အများပြည်သူရှေ့မှောက်မှာ စီရင်ဆုံးဖြတ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

PSLF/TNLA သတင်းနှင့်ပြန်ကြားရေးက ဒေါ်နန်းမိုဟွမ်နဲ့ စပ်လျဉ်းပြီး သတင်းထုတ်ပြန် ရှင်းလင်းချက်မှာ “PSLF/TNLA အကောက်ခွန် ဦးစီးဌာနမှ အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်း တာဝန်ထမ်းဆောင်စဉ် ဝန်ထမ်းများအား အပြင်းအထန် ထိခိုက်သေဆုံးသည် အထိ ဒေါ်နန်းမိုဟွမ်က တာဝန်ဝတ္တရား နှောက်ယှက်ခဲ့လို့ ဥပဒေအရ အရေးယူပေးဖို့ PSLF/TNLA ဗဟိုတရားရုံးသို့ အမှုဖွင့် တိုင်ကြားခဲ့တယ်”လို့ ရေးသားထားပါတယ်။

TNLA အဖွဲ့အနေနဲ့ ဒေါ်နန်းမိုဟွမ်ကို အမှုစတင် လက်ခံစစ်ဆေးမည်ဖြစ်ကြောင်းနှင့် စီရင်ချက်ချသည့် နေ့တွင် ဆွေမျိုးသားချင်းနှင့် အများပြည်သူရှေ့မှောက်တွင် စီရင်ဆုံးဖြတ်ချက်ချနိုင်ရန် စီစဉ် သွားမယ်လို့လည်း ဖေါ်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က