အပြစ်မဲ့ပြည်သူကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်ကြောင်း NRPC ထုတ်ပြန်

တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)က ဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူ နန်းမိုဟွမ်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုထိပါးပြီး တရားဥပဒေကို ထိခိုက်စေတဲ့ မည်သည့်လုပ်ရပ်မဆို ပြင်းထန်စွာ ရှုတ်ချကြောင်း အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ကထုတ်ပြန်လိုက်ပါတယ်။

 

NRPC ထုတ်ပြန်ချက်

 

အဆိုပါ ကြေညာချက်ကို စက်တင်ဘာ ၁၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပြီး အပြစ်မဲ့ပြည်သူကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး နိုင်ငံတော်အစိုးရက အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို များစွာ ထိခိုက်စေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို ဟိုနောင်ရပ်ကွက်မှာ ကုန်မာဆိုင်ဖွင့်လှစ်ထားတဲ့ အသက်(၃၇)နှစ်အရွယ် ဒေါ်နန်းမိုဟွမ်ကို သြဂုတ်လ (၁၇) ရက် မနက်ပိုင်းက TNLA ဝတ်စုံဝတ်ထားတဲ့  အဖွဲ့ကနေအိမ်တွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး နေအိမ်က CCTVမှတ်တမ်းတွေလည်း ဖျက်ဆီးကာ  Hard disk လည်း ယူဆောင် သွားခဲ့လို့  မိသားစုဝင်တွေကက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဒေါ်နမ်းမိုဟွမ် အဖမ်းခံရပြီးနောက် စက်တင်ဘာ ၃ ရက်နေ့မှာ TNLA အဖွဲ့မှ သတင်းထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး  ဒေါ်နန်းမိုဟွမ်က PSLF/TNLA ရဲ့ လုပ်ငန်းတာဝန်ကို နှောင့်ယှက်တာကြောင့် အရေးယူဖို့ ဖမ်းဆီးတာဖြစ်ပြီး TNLA အဖွဲ့အနေနဲ့ ဒေါ်နန်းမိုဟွမ်ကို အမှုစတင် လက်ခံစစ်ဆေးမည်ဖြစ်ကြောင်းနှင့် စီရင်ချက်မယ့်နေ့မှာ ဒေါ်နန်းမိုဟွမ်ရဲ့ ဆွေမျိုးသားချင်းနှင့် အများပြည်သူရှေ့မှောက်မှာ စီရင်ဆုံးဖြတ်သွားမယ်လို့  ထုတ်ပြန်ထားပါတယ်။

 

နန်းမိုဟွမ် ပြန်လွှတ်ပေးရေးဆန္ဒထုတ်ဖော်

 

ဒေါ်နန်းမိုဟွမ်ပြန်လွှတ်ပေးရေးကို မိသားစုဝင်တွေနဲ့ ဒေသခံတွေက စက်တင်ဘာ ၇ ရက်နေ့မှာ နမ့်ခမ်းမြို့လယ်က လွတ်လပ်ရေး ကျောက်တိုင်ရှေ့ ပန်ပွဲကွင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Share

Loading Next Article...
က္က