ဆာလာကို ရီးရဲလ်က ယူရိုသန်း (၁၅၀)နဲ့ ခေါ်ယူဖို့ စဉ်းစားနေတာပါ။

တနင်္လာနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရရှိထားတဲ့ အပြောင်းအရွှေ့သတင်းတွေကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

- ရီးရဲလ်မက်ဒရစ်အသင်းက လာမယ့်နွေရာသီမှာ ကစားသမားသစ်ခေါ်ယူဖို့အတွက် ကြိုးစားနေရာမှာ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလာကို ယူရိုသန်း (၁၅၀)အထိ ပေးချေပြီး ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ Don Balon က ဖော်ပြခဲ့ပါတယ်။ လီဗာပူးလ်မှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ဆာလာကို ရီးရဲလ်က ဒုတိယပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ဟာဇက်ကို ခေါ်ယူမရခဲ့ပါက ဆာလာကို ခေါ်ယူဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။

- စပိန်နောက်ခံကစားသမား နာချိုက နွေရာသီမှာ မက်ဒရစ်ကလပ်ကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ Don Balon က ရေးသားခဲ့ပါတယ်။ ရီးရဲလ်အသင်းမှာ ရာမို့စ် နဲ့ ဗာရာနီတို့ကို မကျော်လွှားနိုင်ခဲ့ပဲ ရှိနေခဲ့ပြီးနောက် နာချိုက စပိန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့အတွက် ပုံမှန်ကစားခွင့်ရမယ့် အသင်းတစ်သင်းကို ပြောင်းရွှေ့ချင်နေတာလို့ သိရပါတယ်။ နာချိုကို ခေါ်ယူဖို့ လာလီဂါကလပ်အသင်းအချို့က စိတ်ဝင်စားနေပါတယ်။

- ချယ်လ်ဆီးမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ ဟီဂူအင်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြဆာရီက စိုးရိမ်နေကာ ပုံစံကောင်းပြသနိုင်ဖို့ အလိုရှိနေပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ချယ်လ်ဆီးကို ရောက်လာပြီးနောက် ဟီဂူအင်ဟာ ဟတ်ဒါဖီးလ်နဲ့ ပွဲတစ်ပွဲတည်းမှာပဲ (၂)ဂိုးသွင်းယူနိုင်ခဲ့ပြီး ကျန်ပွဲတွေမှာတော့ ခြေစွမ်းပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ လက်ရှိခြေစွမ်းအတိုင်းဆိုရင် ဟီဂူအင်အနေနဲ့ ရာသီကုန်မှာ အသင်းကနေ ပြန်လည်ထွက်ခွာရဖွယ်လည်း ရှိတယ်လို့ Goal.com က ရေးသားခဲ့ပါတယ်။

- လေဗာကူဆင်အသင်းရဲ့ တိုက်စစ်ကစားသမား ဂျူလီယန်ဘရန့်ဒ်ကို မက်ဒရစ်မြို့ခံကလပ်နှစ်သင်းက စိတ်ဝင်စားနေပါတယ်။ ဂျာမနီသတင်းစာ Bild ရဲ့ ဖော်ပြချက်အရ လေဗာကူဆင်အတွက် သွင်းဂိုး (၄)ဂိုး နဲ့ ဂိုးဖန်တီးမှု (၁၀)ကြိမ် ပြုလုပ်ပေးထားတဲ့ ဂျာမနီလက်ရွေးစင် ဘရန့်ဒ်ကို ရီးရဲလ် နဲ့ အက်သလက်တီကိုတို့က အပြိုင်အဆိုင် စိတ်ဝင်စားနေတာလို့ သိရပါတယ်။ ဘရန့်ဒ်ကလည်း ဥရောပအသင်းကြီးတစ်သင်းသင်းမှာ သွားရောက်ကစားချင်တဲ့ ဆန္ဒရှိနေပါတယ်။

Share

Loading Next Article...
က္က