စပါးနဲ့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ဂလန်းဟော့ဒယ်က မန်ချက်စတာယူနိုက်တက်အိမ်ကွင်းကို အာဆင်နယ်အသင်းက သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲမတိုင်မီ အာဆင်နယ်တိုက်စစ်မှူး အော်ဘာမီယန်းဟာ ကွဲပြားခြားနားတဲ့ခြေစွမ်းအဆင့်အတန်းရှိသူလို့ ချီးကျူးခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ အဓိကကစားသမားဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။
အူနိုင်းအမ်မရီရဲ့ အာဆင်နယ်အသင်းအတွက် စိတ်ပျက်ဖွယ်ရာသီအစ ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ရာသီအစ ၆ ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပေမယ့် ဂါဘွန်လက်ရွေးစင်ကြယ်ပွင့် အော်ဘာမီယန်းကတော့ အကောင်းဆုံးပုံစံနဲ့ ဂိုးတွေသွင်းယူပေးနေတာဖြစ်ပါတယ်။
အော်ဘာမီယန်းဟာ အာဆင်နယ်အသင်းအတွက် ၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က အက်စ်တွန်ဗီလာကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အနိုင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကတော့ ယခုရာသီမှာ ၂ ပွဲသာအနိုုင်ရရှိအောင် စွမ်းဆောင်ထားနိုင်သေးပြီး ဝက်စ်ဟမ်းယူနိုက်တက်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ နည်းပြ ဆိုးလ်ရှားအတွက် ဖိအားတွေဝင်နေခဲ့ပြီဖြစ်ပါတယ်။
အင်္ဂလန်နဲ့ တော့တင်ဟမ်ဟော့စပါးကွင်းလယ်ကစားသမားဟောင်း ဂလန်းဟော့ဒယ်က နှစ်သင်းစလုံးရဲ့ ပရိသတ်မဟုတ်ပေမယ့် တနင်္လာနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်ဟာ ဂိုးများစွာသွင်းယူပြီး ဖျော်ဖြေမှုပေးနိုင်တဲ့ ပွဲဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“အဲဒီပွဲက ဂိုးတွေ တော်တော်များမှာပါ။ ဘာလို့လဲဆိုတော့ နှစ်သင်းစလုံးမှာ တိုက်စစ်ကစားသမားတွေနဲ့ ဖန်တီးမှုအားကောင်းတဲ့ကစားသမားတွေရှိနေလို့ပါ။ အဲဒါကို သံသယဖြစ်စရာမရှိပါဘူး”
“ဒါပေမယ့် ယူနိုက်တက်ရဲ့ခံစစ်က အာဆင်နယ်ရဲ့ တိုက်စစ်ထက် နည်းနည်းပိုသာမယ်ထင်ပါတယ်”
“အဲဒီပွဲက ၂-၂ ဖြစ်နိုင်ပါတယ်။ ၄-၃ လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုဖြစ်မလဲဆိုတာတော့ ကျွန်တော် သေချာမသိပါဘူး”
“အော်ဘာမီယန်းက ကွဲပြားခြားနားတဲ့ခြေစွမ်းအဆင့်အတန်းရှိသူပါ”
“ယူနိုက်တက်မှာရှိနေတဲ့ ကစားသမားတွေထဲမှာ ဘယ်လောက်အထိ ဥရောပမှာရှိတဲ့ ဘယ်လိုအသင်းမျိုးကိုမဆို ယှဉ်ပြိုင်နိုင်တဲ့ကစားသမား များများရှိလဲ။ ကျွန်တော် မသေချာပါဘူး။ ပေါ့ဂ်ဘာက သူ့ရဲ့အကောင်းဆုံးပုံစံမှာရှိနေရင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်များလား ကျွန်တော် မသိပါဘူး။ မက်ဂွိုင်းယားလား။ ဖြစ်နိုင်ပါတယ်”
“အော်ဘာမီယန်းကတော့ ဘယ်အသင်းကိုမဆို ယှဉ်ပြိုင်နိုင်ပါတယ်။ ဘယ်အသင်းကိုမဆိုပါ”လို့ Premier League Productions ကို ပြောကြားခဲ့ပါတယ်။
Share