မန်စီးတီးနဲ့ယူနိုက်တက်အသင်းတွေမှာ ပြိုင်ဘက်အဖြစ် နှစ်ပေါင်းများစွာရင်ဆိုင်ခဲ့ကြပေမယ့် အင်္ဂလန်လက်ရွေး စင်အသင်းမှာတော့ လက်တွဲညီခဲ့သူတွေလည်းဖြစ်ပါတယ်။
ချန်ပီယံရှစ်ကလပ်ဒါဘီကောင်တီအသင်းအနေနဲ့ လာမယ့်အပြောင်းအရွှေ့ကာလအတွင်း ပရီးမီးယားလိဂ်ဝါရင့် ဂိုးသမားဖြစ်သူ ဂျိုးဟက်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှုရှိနေခဲ့ပြီး တရားဝင်ကမ်းလှမ်းမှုတွေပြုလုပ်ဖို့အတွက် လည်း ပြင်ဆင်နေပြီဖြစ်တယ်လို့ dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဒါဘီအသင်းအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီက နည်းပြလမ်းပတ်ရဲ့ဦးဆောင်မှုအောက်မှာပရီးမီးယားလိဂ်သို့တန်း တက်ခွင့်ရရှိရန် အနီးစပ်ဆုံးဖြစ်ခဲ့ပေမယ့် Play-Offဗိုလ်လုပွဲတွင်အက်စတွန်ဗီလာအသင်းကိုအရေးနိမ့်ခဲ့လို့ချန်ပီ ယံရှစ်မှာ ဆက်ကစားနေခဲ့ရတာလည်းဖြစ်ပါတယ်။
လက်ရှိမှာ ဒါဘီကောင်တီအသင်းရဲ့ ကစားသမား၊ နည်းပြအဖြစ် တာဝန်ယူထားတဲ့ ၀ိန်းရွန်းနီအနေနဲ့ ပရီးမီး ယားလိဂ်သို့ တန်းပြန်တက်ခွင့်ရရေးအတွက် စီမံကိန်းချလုပ်ဆောင်နေခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ဝါရင့်ကစား သမားအချို့ကို ခေါ်ယူဖို့ ဆန္ဒရှိနေခဲ့တာလည်းဖြစ်ပါတယ်။
မန်စီးတီးအသင်းနဲ့အတူ အောင်မြင်မှုများစွာရရှိခဲ့တဲ့ ဂျိုးဟက်အနေနဲ့ လက်ရှိမှာ ဘန်လေအသင်းနဲ့အတူ စာချု ပ်သက်တမ်းကျန်ရှိနေသေးပေမယ့် ရာသီကုန်မှာကုန်ဆုံးဖို့ရှိနေတာကြောင့် ရွန်းနီအနေနဲ့ အခုလိုကမ်းလှမ်းဖို့ပြ င်ဆင်နေခဲ့တာပါ။
လက်ရှိချန်ပီယံရှစ်ပွဲစဉ် ၃၇ အပြီး အဆင့် ၁၂နေရာမှာရှိနေခဲ့တဲ့ ဒါဘီကောင်တီအသင်းအနေနဲ့ အဆင့်-၁နေရာ က လိဒ်စ်ယူနိုက်တက်နဲ့ ရမှတ် ၂ဝအကွာ၊ ဒုတိယနေရာက ဝက်စ်ဘရွန်းနဲ့ ၁၉မှတ်အကွာမှာ ရှိနေခဲ့ပေမယ့် Play-Off ကစားခွင့်ရရှိမယ့် အဆင့် ၆ နေရာနဲ့ ၅မှတ်ပဲကွာဟနေတဲ့အခြေအနေကြောင့် တန်းတက်ခွင့်အတွက် မျှော်လင့်ချက်ရှိနေဆဲဖြစ်ပါတယ်။