မန်စီးတီးနောက်ခံလူ ဘင်ဂျာမင်မန်ဒီဟာ တညတည်းမှာတင် မတူညီတဲ့အမျိုးသမီးသုံးယောက်ကို အဓမ္မပြုကျင့်ခဲ့ကြောင်း သူ့ရဲ့အမှုကို ကိုင်တွယ်နေတဲ့ တရားသူကြီးက ပြောပါတယ်။ အသက် (၂၈) နှစ်အရွယ် မန်ဒီဟာ ချက်စရှိုင်းယားဒေသက သူ့ရဲ့သီးသန့်နေအိမ်တလုံးမှာ ရေကူးကန်ပါတီကျင်းပပြုလုပ်ရင်း အခုလိုပဲ ပြုကျင့်ခဲ့တာဖြစ်ပါတယ်။
မန်ဒီဟာ ဒီလိုမျိုးကျူးလွန်စော်ကားတဲ့နေရာမှာလည်း နစ်နာသူမိန်းကလေးတွေကို သားကောင်တွေအဖြစ် သတ်မှတ်ပြုမူခဲ့ကြောင်းလည်း တရားရုံကဆိုပါတယ်။ ကျူးလွန်ခဲ့ရသူနှစ်ယောက်ဟာ အခန်းတံခါးတွေရဲ့ ဖွဲ့စည်းပုံအနေအထားကြောင့် သူတို့အနေနဲ့ ဒီအခန်းတွေထဲကနေ လွတ်မြောက်နိုင်ခြင်းမရှိဘူးလို့ ယူဆခဲ့ကြောင်းလည်း တရားသူကြီးကဆိုပါတယ်။
ဒါ့အပြင် မန်ဒီဟာ နစ်နာသူတွေကို မုဒိမ်းကျင့်တဲ့အချိန်မှာ “မလှုပ်နဲ့” လို့ ပြောဆိုကာ မိန်းကလေးတွေရဲ့လက်ကိုလည်း ကျောအနောက်ဘက်မှာထားစေပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း သိရှိရပါတယ်။ ဒီမုဒိမ်းမှုဖြစ်ရပ်တွေမှာ မန်ဒီနဲ့အတူ စွဲချက်တင်ခံထားရတဲ့ အသက် (၄၀) အရွယ် လူးဝစ်ဆာဟာမက်တျူရီကတော့ မိန်းကလေး (၈) ယောက်အပေါ် မုဒိမ်းမှု (၄) ကြိမ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေအပေါ် ငြင်းဆန်ထားပါတယ်။
ဒါ့အပြင် မန်ဒီဟာ တညအတွင်းမှာတင် မိန်းကလေးသုံးယောက်အပေါ် မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ဖြစ်စဥ်အပါအဝင် (၂၀၁၈) အောက်တိုဘာကနေ (၂၀၂၁) သြဂုတ်အထိ ကာလအတွင်း မတူညီတဲ့ အမျိုးသမီး (၇) ယောက်အပေါ် မုဒိမ်းမှုကျူးလွန်ခဲ့တာကြောင့် အခုလိုပဲ စွဲချက်တင်ခံထားရတာပါ။ မန်ဒီဟာ ဒီလိုမျိုးကျူးလွန်ခဲ့တဲ့နေရာမှာလည်း သူ့ရဲ့ အောင်မြင်ကျော်ကြားမှုတွေကို အသုံးချခဲ့တယ်လို့ သိရပါတယ်။
မန်ဒီအတွက် မန်စီးတီးတို့ ပြောင်းရွှေ့ကြေး ပေါင် (၅၂) သန်းအထိ အသုံးပြုခေါ်ယူခဲ့ရပေမယ့် ကစားသမားကို မုဒိမ်းမှုနဲ့ ဖမ်းဆီးစစ်ဆေးချိန်မှာတော့ အသင်းရဲ့ကစားသမားအဖြစ်ကနေ ယာယီဆိုင်းငံ့ထားကြောင်းလည်း သိရှိရပါတယ်။ ဒီလိုမျိုး စွပ်စွဲချက်တွေအပေါ်မှာတော့ မန်ဒီကိုယ်တိုင်ရော၊ သူနဲ့အတူ စွပ်စွဲခံနေရတဲ့ မတ်တျူရီကိုယ်တိုင်ကပါ ငြင်းဆန်ထားဆဲဖြစ်ပါတယ်။