အင်တာနက်မှတစ်ဆင့် ဓားတစ်လက်ဝယ်ယူခဲ့ပြီး မီးလောင်လွယ်တဲ့အရည် ၄ ပုလင်းကို ယူဆောင်လာခဲ့ပါတယ်

တိုကျိုရထားတစ်စင်းပေါ်မှာ Batman ရုပ်ပြကာတွန်းမှ ဂျိုကာ (Joker) ဇာတ်ကောင်ပုံစံ ဝတ်ဆင်ထားပြီး ဟောလိုဝင်းညတိုက်ခိုက်မှု ကျူးလွန်ခဲ့သူဟာ လူများစွာကို သတ်ချင်ခဲ့ကြောင်းနဲ့ တိုက်ခိုက်မှုကို လနဲ့ချီကြာ အချိန်ယူပြင်ဆင်ခဲ့ပြီး အင်တာနက်မှတစ်ဆင့် ဓားတစ်ချောင်းဝယ်ယူခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ မီဒီယာတွေက ယနေ့ (နိုဝင်ဘာ ၂ ရက်) ပြောပါတယ်။

အောက်တိုဘာ ၃၁ ရက် ဒေသစံတော်ချိန် ည ၈ နာရီဝန်းကျင်က ဟောလိုဝင်းပါတီပွဲဆင်နွှဲကြမယ့် လူအများအပြား တိုကျိုမြို့ထဲသို့သွားရန် လိုက်ပါလာတဲ့ ရထားပေါ်မှာ မီးရှို့ပြီး ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုကြောင့် အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦးဟာ ရင်ဘတ်ပိုင်းမှာ ပြင်းထန်တဲ့ ဓားဒဏ်ရာများရခဲ့ပြီး အခြား ၁၆ ဦးကတော့ အသေးစား ဒဏ်ရာများရခဲ့ပါတယ်။



(ရထားတွဲပေါ်မှာတွေ့ရသည့် Kyota Hattori) (Photo: Kyodo)

အများစုဟာ မီးခိုးမွန်းကျပ်မှု ခံစားခဲ့ကြရတယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရအမျိုးသားက ပြောပါတယ်။ ဂျိုကာဇာတ်ကောင်ပုံစံ ဝတ်ဆင်ထားပြီး တိုက်ခိုက်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် Kyota Hattori အမည်ရှိ အမျိုးသားကို အခင်းဖြစ်နေရာမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ထို့နောက် ၎င်းအား စစ်ဆေးမှုခဲ့ရာ "ကျုပ်က လူအများကြီးကို သတ်ချင်ခဲ့တာ၊ ကျုပ်ကို သေဒဏ်ပေးစေချင်တယ်" လို့ စုံစမ်းစစ်ဆေးရေးမှူးတွေကို ပြောခဲ့ပါတယ်။

ကျုပ်က လူအများကြီးကို သတ်ချင်ခဲ့တာ၊ ကျုပ်ကို သေဒဏ်ပေးစေချင်တယ်

Kyodo သတင်းမှာ ဖော်ပြမှုအရ Kyota Hattori က Batman ကာတွန်းမှ ဗီလိန်ဇာတ်ကောင်ကို နှစ်သက်သဘောကျတယ်လို့ ဆိုပါတယ်။ ဗီဒီယိုမှတ်တမ်းအရ တိုက်ခိုက်မှုမတိုင်မီ ရထားတွဲအတွင်း ထိုင်ခုံတစ်ခုံမှာ တည်ငြိမ်ငြိမ်ထိုင်နေပြီး စီးကရက်သောက်နေတဲ့ Kyota Hattori ကို မြင်တွေ့ရပါတယ်။

(ခရီးသည်များ ရထားတွဲကနေ ဘေးလွတ်ရာထွက်ပြေးကြစဥ်) (Photo: Reuters)

၎င်းက အင်တာနက်မှတစ်ဆင့် ဓားတစ်လက်ဝယ်ယူခဲ့ပြီး မီးလောင်လွယ်တဲ့အရည် ၄ ပုလင်းကို ပလတ်စတစ်ပုလင်းများထဲမှာ ထည့်သွင်းယူဆောင်လာခဲ့ပြီး တိုကျိုမြို့ထဲကို ဦးတည်ထွက်ခွာလာခဲ့ကြောင်း မီဒီယာတွေက ဖော်ပြပါတယ်။ Kyota Hattori က စုံစမ်းစစ်ဆေးရေးမှူးတွေကို ပြောကြားမှုအရ ၎င်းဟာ အလုပ်နဲ့ သူငယ်ချင်းတွေနဲ့ အဆင်မပြေခဲ့ဘူးလို့ ဆိုပါတယ်။

ဂျပန်အနောက်တောင်ပိုင်း Fukuoka မြို့ရှိ ၎င်းရဲ့အလုပ်ကနေထွက်ခဲ့ချိန် ဇွန်လအစောပိုင်းကတည်းက တိုက်ခိုက်မှုလုပ်ရန် စတင်ပြင်ဆင်ခဲ့ကြောင်း Kyota Hattori ပြောပါတယ်။ ထို့နောက် ဂျပန်အရှေ့ပိုင်းကို ရွှေ့ပြောင်းလာခဲ့ပြီး အဓိက မြို့ကြီးတွေမှာ လှည့်လည်နေထိုင်ခဲ့ကာ လွန်ခဲ့တဲ့တစ်လက တိုကျိုကိုရောက်ရှိလာခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဂျပန်နိုင်ငံမှာ တင်းကျပ်တဲ့ သေနတ်ကိုင်ဆောင်မှုဥပဒေ ပြဌာန်းထားပေမဲ့ အခြား လက်နက်များသုံးပြီး အကြမ်းဖက်ရာဇဝတ်မှုတွေ ဖြစ်ပွားတတ်ပါတယ်။


Share

က္က