စီးရီးအေမှာ ထိန်းချုပ်ခဲ့ပုံတွေကြောင့် ဖြစ်ပါတယ်။

စီးရီးအေမှာ ဂျူဗင်တပ်စ်နဲ့ ဘိုလော့ဂ်နာတို့တွေ့ဆုံခဲ့စဉ်က ရော်နယ်ဒိုကို ထိန်းချုပ်ခဲ့တဲ့ တိုမိယာဆုရဲ့ ကစားဟန်ကိုကြည့်ကာ ယုံကြည်နေတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။


အာဆင်နယ်အသင်းပရိသတ်တွေက သူတို့အသင်းအသစ်ခေါ်ယူခဲ့တဲ့ နောက်ခံလူတိုမီယာဆုဟာ ရော်နယ်ဒိုထက်တောင်မှ ပိုကောင်းတဲ့ကစားသမားလို့ ယုံကြည်နေကြောင်း The Sun က ဖော်ပြလိုက်ပါတယ်။ စီးရီးအေမှာ ဂျူဗင်တပ်စ်နဲ့ ဘိုလော့ဂ်နာတို့တွေ့ဆုံခဲ့စဉ်က ရော်နယ်ဒိုကို ထိန်းချုပ်ခဲ့တဲ့ တိုမိယာဆုရဲ့ ကစားဟန်ကိုကြည့်ကာ ယုံကြည်နေတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၂၂ နှစ်အရွယ် ဂျပန်နောက်ခံလူဟာ အာဆင်နယ်ကို အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ရော်နယ်ဒိုကလည်း အသင်းဟောင်းယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီး ပရီးမီးယားလိဂ်မှာ သူတို့နှစ်ဦးက ပြိုင်ဘက်တွေအဖြစ် ထပ်မံရင်ဆိုင်ရဦးမှာဖြစ်ကာ အာဆင်နယ်ပရိသတ်တွေမျှော်လင့်နေသလိုမျိုး တိုမီယာဆုက စွမ်းဆောင်နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။ 

Reddit မှာ ဖော်ပြခဲ့တဲ့ ဗီဒီယိုကလစ်အောက်မှာတော့ အာဆင်နယ်ပရိသတ်တစ်ဦးက "ရော်နယ်ဒိုက တိုမီယာဆုနဲ့ ဝေးရာဆီသွားဖို့ ပရီးမီးယားလိဂ်ကို လာခဲ့တာ" လို့ ရေးသားခဲ့ပါတယ်။ အခြားတစ်ဦးကတော့ "ကျွန်တော်ကတော့ယုံတယ်၊ သူက ရော်နယ်ဒိုထက် ပိုကောင်းတယ်" လို့ ပြောဆိုခဲ့ပါတယ်။ နောက်ထပ်တစ်ဦးကလည်း "ရော်နယ်ဒိုက ယူနိုက်တက်ကိုရောက်ခဲ့တဲ့အတွက် ငါတို့က သူ့ကိုတုံ့ပြန်မှုတစ်ခုအနေနဲ့ ခေါ်ယူခဲ့တာပဲ" လို့ ဆိုပါတယ်။ 

ရော်နယ်ဒို နဲ့ တိုမီယာဆုတို့ဟာ ၂ ကြိမ်ရင်ဆိုင်ခဲ့ဖူးပြီးတော့ ၂၀၂၀ ဇွန်လအတွင်းမှာ ဂျူဗီက ၂-၀ နဲ့ အနိုင်ရခဲ့ပြီး ပင်နယ်တီကတဆင့် ရော်နယ်ဒိုက အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။ ဒီနောက် ပြီးခဲ့တဲ့ရာသီက ဇန်နဝါရီလအတွင်းမှာလည်း ဂျူဗီကပဲ ၂-၀ နဲ့ အနိုင်ရခဲ့ကာ ရော်နယ်ဒိုဂိုးမသွင်းယူနိုင်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ရော်နယ်ဒိုကို ပေါင် ၁၂.၈၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး အာဆင်နယ်ကတော့ တိုမီယာဆုကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ 

Share

က္က