ဆော်ဒီကလပ်တွေက ကမ်းလှမ်းခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ရော်နယ်ဒိုကို ဆော်ဒီကလပ်တွေက ချဉ်းကပ်နေပြီလို့ ဆိုပါတယ်။ ကမ္ဘာ့ဖလားအပြီးမှာ အသင်းသစ်ရှာရတော့မယ့် ရော်နယ်ဒိုအတွက် အေးဂျင့်ဂျော့မန်ဒက်စ်က လှုပ်ရှားပေးနေပြီလို့ ယူဆရပြီး သူ့ရဲ့ စွန့်စားခန်းအသစ်က ဘယ်မှာဖြစ်မလဲဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။ 

ရော်နယ်ဒို ပြောင်းရွှေ့နိုင်တဲ့ နေရာဒသေတွေကတော့ မေဂျာလိဂ်၊ ဩစတြေးလျလိဂ်နဲ့ အရှေ့အလယ်ပိုင်းဒေသလို့ ခန့်မှန်းနေကြပြီး လက်ရှိမှာတော့ ဆော်ဒီကလပ် Al Hilal က စာချုပ်ကမ်းလှမ်းမှုလုပ်ထားတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် Al Hilal ရဲ့ ပြိုင်ဘက်အသင်း Al Nassr ကလည်း စာချုပ်ချုပ်ဆိုဖို့ အသင့်ဖြစ်နေပြီး အပြိုင်အဆိုင်ကြိုးစားနေကြတယ်လို့ သိရပါတယ်။ 

CBS ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုကို တပတ်လုပ်ခ ပေါင် ၁.၂ သန်းပေးချေကာ ၃ နှစ်စာချုပ်နဲ့ ကမ်းလှမ်းတဲ့ အဆိုပြုချက်ကို လက်ခံရရှိထားတယ်လို့ သိရပါတယ်။ ဒီရာသီအစောပိုင်းကတည်းက ရော်နယ်ဒိုကို ဆော်ဒီကလပ်တခုက ကမ်းလှမ်းမှုတွေလုပ်ခဲ့တာဖြစ်ပြီး ဒီအကြောင်းကို ကစားသမားကိုယ်တိုင်ကလည်း ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာ အတည်ပြုခဲ့ပါတ်။ 

အခု အသင်းလက်မဲ့ဖြစ်သွားချိန်မှာ ဆော်ဒီကလပ်တွေရဲ့ စိတ်ဝင်စားမှုက ပိုမိုအားကောင်းလာပြီး မက်မောလောက်စရာ ငွေကြေးတွေနဲ့ ကမ်းလှမ်းမှုတွေလုပ်လာတာပါ။ ၃ နှစ်စာချုပ်ဖြစ်လို့ အသက် ၄၀ အရွယ်အထိ ရော်နယ်ဒိုဟာ တပတ်လုပ်ခ ပေါင် ၁.၂ သန်းနဲ့ ကစားနိုင်မှာဖြစ်ပြီး တော်တော်လေးများပြားတဲ့ ငွေကြေးပမာဏကို ရရှိနိုင်မှာလည်းဖြစ်ပါတယ်။ 

ရော်နယ်ဒိုအနေနဲ့ ဥရောပမှာ ဆက်ကစားမလား၊ ဒါမှမဟုတ် ကစားသမားဘ၀နေဝင်ချိန်မှာ အခြားသောနာမည်ကျော်ကစားသမားတွေလိုမျိုး ဥရောပအပြင်ဘက်ထွက်ကစားပြီး မက်မောဖွယ်ရာလုပ်ခလစာနဲ့အတူ ကစားမလားဆိုတာကို ဆုံးဖြတ်ရတော့မှာပါ။ 

CLEAR Filter ဘောလုံးဂိမ်းကစားပြီး Limited Edition CR7 Signed Golden Bottle ဆုလက်ဆောင်ရယူနိုင်ပါပြီ။ ရော်နယ်ဒိုလို ကျွမ်းကျင်မှုမျိုးပြသပြီး သူ့လက်မှတ်ပါဝင်တဲ့ ဆုလက်ဆောင်ရမယ့် အခွင့်အရေးနော်။ ဂိမ်းကို ပါဝင်ဆော့ကစားဖို့အတွက် ဒီလင့်ခ်လေးကို နှိပ်ပြီး ဝင်ကစားရုံပါပဲ။ 


Share

Loading Next Article...
က္က